သတင်းအစုံဖတ်နိုင်ရန် Wunzup News Blog သို့သွားပါ👇👇

Ad 300x250

Breaking

04 August, 2021

8:35 PM

မြစ်ကြီးနားဈေးထဲတွေ တို့ဆေးသုံး၍ လုယက်မှုများရှိကြောင်း ကိုယ်တိုင်မြင်တွေ့ရသူတွေပြော

 

မြစ်ကြီးနားစျေး / Photo: Facebook


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ စည်ပင်သာယာဈေးတွင် တို့ဆေးသုံး၍ လုယက်မှုများရှိကြောင်း မျက်မြင်ကိုယ်တွေ့သိခဲ့ရသူ တစ်ယောက်ကပြောပါတယ်။

"မြစ်ကြီးနား စျေးထဲတွင် ရောင်းဝယ်ဖောက်ကားကြသော ဆိုင်ပိုင်ရှင်များ စျေးဝယ်သူများ စျေးဝယ်ရာတွင် ရွှေဆွဲကြိုးများ ဝတ်ဆင်မလာကြပါရန်၊ ပိုက်ဆံများ ကိုလည်း လိုတာထက်ပိုမယူခဲ့ကြပါရန် အထူးသတိပေးနိူးဆော်လိုက်ပါသည်" ဟု သူ့ ဖက်စ်ဘုတ်စာမျက်နှာတွင် "အထူးသတိထားရန်" ဆိုပြီး တင်ခဲ့တာဖြစ်ပါသည်။

ဒါဟာ တစ်ကယ်ဖြစ်ခဲ့တာဖြစ်ကြောင်းတစ်ခြားသူများလည်း ထောက်ခံခဲ့ပြီး မျှဝေသူပေါင်း တစ်ထောင်ကျော်ရှိသည်ကို တွေ့ရသည်။

၂၀၂၁ ဩဂုတ်လ ၂ရက်နေ့မနက်ပိုင်း ၈ နာရီ ခန့်တွင် မြစ်ကြီးနားစျေး(၂)တွင် ကုန်စုံရောင်းနေသူ ဆိုင်ပိုင်ရှင်အား တို့ဆေးဖြင့် ပိုက်ဆံ ၁ သိန်းကျော်ခန့် လိမ်ယူသွားကြောင်း၊ ထို့နည်းတူစွာ စျေးဝယ်သူ အစ်မတစ်ယောက်အား အချိန် ၉ နာရီကျော်တွင် (နင့်ယောက္ခမနဲ့ သိတယ်ဆိုပြီး) တို့ဆေးဖြင့် ရွှေတစ်ကျပ်သားနှင့် ငွေသားများ လိမ်လည်ယူသွားကြောင်း ၊ စျေးဝယ်သူ အစ်မသည် တို့ဆေးပြယ်လာသောအခါ ထိုနေရာတွင် ချုံးပွဲချငိုနေခဲ့ ကြောင်းသိရသည်။

ထို့ကြောင့် ရောင်းသူ ဝယ်သူများ အထူးသတိထားကြပါရန် စေတနာရှေးရှု အကြောင်းပြု၍ နိူးဆော်လိုက်ရပါသည်ဟု သူကဆက်၍ သတိပေးထားပါသည်။

နိုင်ငံရေးအခြေအနေမကောင်းခြင်းနှင့် ကိုဗစ်-၁၉ တတိယလိုင်း လျင်မြန်စွာ ကူးစက်ပြန့်နှံ့နေသောကြောင့် သွားလာရန်ခက်ခဲကာ စီးပွားရေးမပြေလည်၍ ငွေကြေးအခက်အခဲများရှိလာရာ မြို့ပေါ်တွင် ခိုးယူလုယက်မှုများ မကြာခဏဖြစ်ပွားနေသောကြောင့် သတိထားရန် လိုအပ်လာပြီ ဖြစ်ကြောင်း ဒေသခံများ ပြောဆိုနေကြသည်။

Source : The Maung

29 July, 2021

12:06 AM

မိုးမောက်မြို့က စစ်ရှောင်စခန်းများ ပိတ်ထားခြင်းကြောင့် စားရေးသောက်ရေး ခက်ခဲနေ

 

Momauk IPDs camp chyinghka lam / Photo: NUM


ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့က စစ်ရှောင်စခန်းတွေမှာ အဝင်အထွက် ပိတ်ထားပြီး အစားအသောက် ခက်ခဲမှု​တွေ ရှိနေတယ်လို့ သိရပါတယ်။


Covid-19 ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့ မိုးမောက်က KBC စစ်ရှောင်စခန်းဆယ်ခုကျော်မှာ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်ကတည်းက Lockdown ချထားကြောင်း မိုးမောက် KBC စစ်ရှောင် စခန်းတာဝန်ခံက National Unity Media (NUM)ကို ပြောပါတယ်။


"အိမ်ထောင်စု ခြောက်ရာကျော် ရှိတဲ့ KBC camp ဆယ်ခုကျော်မှာ အဝင်အထွက်ပိတ်ထားတာ
နှစ်ပတ်ကျော် တစ်လနီးပါးရှိလာပါပြီ" လို့ စခန်းတာ၀န်ခံက ဆိုပါတယ်။
အိမ်ထောင်စု ခြောက်ရာကျော် ရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(World Food Program)မဝင်နိုင်သေးတာကြောင့် စားရေးသောက်ရေး အခက်အခဲဖစ်နေတယ်လို့ စခန်းတာဝန်ခံက National Unity Media (NUM)ကို ပြောပါတယ်။


"တစ်ခြားအဖွဲ့အစည်းငယ်လေးတွေက ဆန် ငါးအိတ်၊ ဆယ်အိတ် စုထားတာတွေကို ကျွန်တော်တို့ ကျွေးနေတာ နှစ်ပတ်ကျော်လောက်ရှိလာပြီဆိုတော့ အစားအသောက် အရမ်းခက်ခဲနေပါတယ်။ World Food လည်း June လကတည်းက မဝင်လာနိုင်သေးဘူး။ ဒီမှာက World Food နဲ့ အဓိကသွားတာဆိုတော့ အစားအသောက် ခက်ခဲတာပေါ့" လို့ စခန်းတာ၀န်ခံက အခက်အခဲကို ပြောပါတယ်။
မိုးမောက် KBC စစ်ရှောင်စခန်းကို (၂၀၁၁) ဇူလိုင်လမှာ စတင်ဖွင့်လှစ်ခဲ့ပြီးတော့ အနယ်နယ်အရပ်ရပ်က စစ်ဘေးရှောင်တွေနေထိုင်နေကြပြီး ပြီးခဲ့တဲ့ မတ်လအတွင်း မြို့သစ်၊ကုန်းလောဘက်ကနေ စစ်ဘေးရှောင် အိမ်ခြေ (၂၀၀) ကျော် ထပ်မံရောက်ရှိခဲ့တယ်လို့ စခန်းတာ၀န်ခံက ဆက်လက်‌ပြောပါတယ်။


" များသောအားဖြင့် camp မှာက တစ်ကျော့ပြန်တိုက်ပွဲတုန်းက စစ်ရှောင်ကြတဲ့ ဒေါ့ဖုန်းဘက်က အိမ်ခြေ (၄၀၀) ကျော်ရှိတယ်။ ခုဒီနှစ်မတ်လ တွင်းမှာပဲ (၂၀၀) ကျော်ထပ်ရောက်လာတယ်။ လူတော့များတာပေါ့" လို့ ဆိုပါတယ်။


မိုးမောက် KBC စစ်ရှောင်စခန်းမှာ ကချင်တစ်ပြည်နယ်လုံးရှိ စစ်ရှောင်စခန်းများမှ ပထမဦးဆုံးအကြိမ် စတင်ဖွင့်လှစ်ခဲ့တဲ့ စစ်ရှောင်စခန်းဖြစ်ပြီး ယခုချိန် Covid -19 ကပ်ရောဂါကြောင့် စားရေးသောက်ရေး အခက်အခဲရှိနေပြီး အလှူရှင်များ လိုအပ်နေတယ်လို့လည်း သိရပါတယ်။


NUM

28 July, 2021

11:00 PM

Mai Ja Yang buga Sasana Boarder Jawngma Marai (149) COVID-19 Ana Kap Hkrum


Mai Ja Yang / Photo: kachin today


Mai Ja Yang Buga Sasana Boarder kaw na jawngma marai (149) kaw COVID-19 ana jep mu lu ai lam, Sinpraw Ginwang Ginjaw COVID-19 ana zinli makawp ninghkap komiti kaw na chye lu ai.


Ana jep mu ai jahpan gaw Boarder jawngma ni a laksan jahpan rai nna, Swab jep da dingyang naw rai nga ai majaw Positive jahpan jat wa na masa naw nga ai lam maram chye lu ai.


Ya aten Mai Ja Yang muklum kata COVID-19 Positive byin nna tsi gawn lajang hkam la nga ai masha marai (835) nga ai hta, Positive kaw nna Negative gale ai marai (173) gaw Negative gawn lajang dabang hta hkamja lam masam maram hkam la nga dingyang re.


Mai Ja Yang kata COVID-19 positive masha ni hpe G Center ngu masat da ai Federal Law Acadmy jawng wang, Mai Ja Yang College jawng wang, RC Boarder, Father Boader hte Law Jawng makau na gawn lajang dabang ni hta masha garan nhtawm tsi gawn lajang ya nga dingyang re hpe mung chye lu ai.


COVID-19 ana jep mu ai Tinang Uphkang ginra Ginjaw Ginra Ginwang Ginjaw, Sinpraw Ginwang Ginjaw, Dingdung Ginwang Ginjaw, Putao Ginwang, Sinpraw Dingdung Ginwang Ginjaw, Law Hkawng Ginwang shara ni hta mung ya aten hkawm sa hkawm wa ahkang pat hkum da ding yang re hpe chye lu ai.


Kachinland News

27 July, 2021

11:13 PM

မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ စစ်ရှောင်စခန်းတွင် နှစ်ရက်အတွင်း ကိုဗစ်၁၉ ပိုးတွေ့သူ ၅၇ ဦးရှိ

 


IDPs camp kaw tsi gat taw nga yang / Image courtesy Al Jazeera. Myanmar, 20


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းရှိ စစ်ရှောင်စခန်းတွင် နှစ်ရက်အတွင်း ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသူ ၅၇ ဦးရှိကြောင်းသိရပြီး ပိုးတွေ့သူနှင့် ပိုးမတွေ့သူ သီးခြားနေထိုင်ရန် နေရာ ခက်ခဲနေကြောင်းသိရသည်။

စစ်ရှောင်ပြည်သူ ၁၂၇ ဦးကို ယမန်နေ့မှစတင်ကာ ကိုဗစ်၁၉ ရောဂါပိုးရှိ၊ မရှိစစ်ဆေးရာ ၅၇ ဦးတွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့သူနှင့် မတွေ့သူ သီးခြားနေထိုင်ရန် ခက်ခဲနေသည်ဟု စခန်းတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ camp က နေရာက ကျဉ်းတယ်ဆိုတော့လေ အဲ့လိုတော့ ရှိတယ် တစ်ခြားနေရာမှ သွားစရာမှ မရှိတာ ကျွန်တော်တို့က မနေ့ကကော စစ်တယ်၊ ဒီနေ့ကော စစ်တယ် မနက်ဖြန်ကော စစ်ဦးမယ်၊ အခု ပိုးတွေ့လူတွေနဲ့ မတွေ့တဲ့လူတွေနဲ့ရောပြီးနေနေရတာ မိသားစုတစ်စုမှာက တစ်ချို့လူတွေက ဖြစ်တယ် တစ်ချို့လူတွေက မဖြစ်ဘူးဆိုတော့ ပြန် ခွဲနေရတော့ ကျွန်တော်တို့အတွက် အဆင်မပြေဘူးလေ” ဟုသူကပြောသည်။

စစ်ရှောင်စခန်းတွင် ကိုဗစ်ကာလအချိန် စခန်းအား အဝင်အထွက် ပိတ်လိုက်ပြီးနောက် အစားအသောက် နှင့် ဆေးဝါးများခက်ခဲနေကြောင်းလည်း သူကပြောသည်။

“ကျွန်တော်တို့ဆီမှာ အခုကတော့ ဆေးဝါးရယ် ဆန်တွေဘာတွေတော့ မရှိတော့ဘူး အဲ့လိုဖြစ်နေတာ” ဟုသူကပြောသည်။

စခန်းတွင် ပိုးတွေ့သူ ၅၇ ဦးတွင် အသက်အရွယ် ၇၀ ၆၀ အထက်ပိုင်း၊ ၁၀ နှစ်အောက် ကလေး၊ လူငယ် အရွယ် ၁၀ နှစ်အထက် ၁၈ နှစ်အောက်နှင့် အသက် ၃၀၊ ၄၀ ကြား အရွယ်များပါဝင်ကြောင်းသူကပြောသည်။

မြစ်ကြီးနားမြို့ အင်ဂျန်တုံရပ်ကွက်ရှိ ကချင်နှစ်ခြင်းစစ်ရှောင်စခန်းတွင်း နေထိုင်သူ အိမ်ထောင်စုပေါင်း ၅၉ အိမ်ထောင်နှင့် လူဦးရေ ပေါင်း ၂၇၆ ဦးရှိသည်။


11:33 AM

Covid-19 Chyam bra ana makawp ninghkap Tara The Maren Nga Sa Na Matu Sumbwi Yang Ginwang KIO Uphkang Rung Kawn Ndau Shapraw Laika Shale

 


Myanmar Mungdan Hpyen Gumshen Uphkang Asuya Kawn Covid ana kap bra ai lam hpe atsawm yu reng hparan tsi gawn lajang ya  lu ai lam nnga ai majaw Mung masha ni Covid-19 ninghkap lu na matu masat da ai tara ni hpe tup hkrak hkan sa let sadi maja nga na matu Wunpang Mungdan Shanglawt Asuya, Sinna Ginwang Jingjaw, Mungchying Uphkang Dap Sumbwi Yang Ginwang Uphkang Rung kawn July shata 26 ya shani ndau laika shale da nga ai.


Ndau shabra dat ai lam hta,

  1. Yaten Mungkan ting byin nga ai Covid-19 kap bra ana zinli gaw Myen Mungdan
  2.  hte Tinang KIO Bphkang ginra hta mung numdaw masum( third wave) aten grai

     lawan kap bra nna asak si sum ai masha lani hte lani law wa ai bte grai hkrit tsang

     ra ai hpe mu lu ai.


  3. Hpyen Gumshem Kongsi  kawn Mungchying sha ni hpe Covid-19 Ana zinli
  4.  hte seng nna tau nau makawvp maga, jep chyoi, tsi gawn lajang ya lu ai lam nnga

     ai majaw Mungchying sha hkum ding dek Covid-19 Ana zinli makawp maga tara

     ni hpe chyena hkan sa sadi koi gam ra ai hpe mu mada ai.


  5. Tinang Sumbwi Yang Ginwang kata shanu nga ai Munghying mungshawa ni

     yawng Ninghtoi;-26/7/2021 ya shani kawn masha hpawng chyawm at hte poi

     shingra galaw ai lam, Hpaji Jawng hpaw sharin ai lam, Ginsup hpan hkum, gat

     len seng dut mari, lu sha seng hpaw ai lam ni hipe Covid-19 kap bra ana zinli hkoi

     tsai wa ai ten du hkra pat hkum dat ai.

  6. .Mungchying sha ni yawng Covid-19 Ana Zinli Makawp Ninghkap Konii kawn

     shale shapraw dat ai Tara hte maren hkansa shatup ra na.

    nga nna ka ndau shapraw da nga ai.

 

 

26 July, 2021

11:48 PM

ဝိုင်းမော်မြို့ မိုင်းနားစစ်ရှောင်စခန်းတွင် ကိုဗစ်၁၉ ကူးစက်ခံရသူ လေးဦးအထိရှိလာပြီး အစားအသောက်ခက်ခဲနေ

 

 

ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ KBC စစ်ရှောင်စခန်း 



ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ KBC စစ်ရှောင်စခန်းတွင် ကိုဗစ်၁၉ ပိုးတွေ့လူနာ ၄ ဦးရှိပြီး စခန်းမှ ဖျားနေသူ ၃၆ ဦးကို ကိုဗစ်ပိုးလာရောက်စစ်ဆေးပေးခြင်း မရှိသောကြောင့် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။


မိုင်းနားကျေးရွာရှိ KBC စစ်ရှောင်စခန်းအတွင်းမှ ဖျားနာနေသူ ၃၆ ဦးကို ဝိုင်းမော်ဆေးရုံကြီးမှ သောက်ဆေးပေး၍ သုံးရက်ကျော်ပြီး မသက်သာလျှက် ကိုဗစ်ပိုး စစ်ဆေးပေးမည်ဟု ပြောသောကြောင့် စိုရိမ်မှုများ ရှိနေခြင်းဖြစ်သည်ဟု စခန်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။


“Camp မှာလိုက်ပတ်ပြီး ကြည့်တော့ ဖျားနေတဲ့သူ ၃၆ ယောက်တွေ့ခဲ့တယ် အဲ့ဒါကြောင့် ဆေးလာစစ်ပေးဖို့ တောင်းဆိုတဲ့အခါ ဒီနေ့တော့ သောက်ဆေးတွေ လာပေးသွားတယ် နောက်သုံးရက်နေလို့ မသက်သာရင် ပြန်လာစစ်ပေးမယ်လို့ပြောတယ်။ ဖြစ်နိုင်ရင် စခန်းတစ်ခုလုံးကို စစ်လိုက်ချင်တယ် ပိုးက စခန်းတစ်ခုလုံး ပြန့်နေပြီလားဆိုတာ စိုးရိမ်နေကြတာ” ဟု သူကပြောသည်။


စခန်းတွင် ကိုဗစ်၁၉ ပိုးတွေ့ရှိခဲ့ပြီးနောက် စခန်းတွင် သွားလာမှုကန့်သတ်ထားကာ အစားအသောက် အထောက်အပံ့များလည်း မရရှိသောကြောင့် အခက်အခဲနှင့် ကြုံနေရခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။


“ကိုဗစ်ဖြစ်ပြီး Lockdown ချပြီးနောက်မှာ တစ်နိုင်တစ်ပိုင်ကူတဲ့သူတော့ရှိတယ်။ WFP ကတော့ ဒီလအတွက်မရောက်သေးဘူး ဒါပေမဲ့ နောက်လမှ ပေါင်းပေးမယ်လို့တော့ပြောတယ်” ဟုသူကပြောသည်။


စစ်ရှောင်စခန်းတွင် ပိုးတွေ့မှုနှုန်းမြှင့်တက်လာပြီး အရေးပေါ်အခြေအနေဖြစ်လာပါက ဆေးရုံသို့သွားရန် ကားတစ်စီးခန့် လိုအပ်ကြောင်း သူကပြောသည်။


“ကျွန်တော်တို့ camp မှာ လူများတော့ ရောဂါဖြစ်လာရင် ပို့ဆောင်ပေးဖို့အတွက် ကားအသေးတစ်စီးတော့ အရေးပေါ် လိုနေတယ်၊ ကျွန်တော်တို့ ဆီမှာ ဆိုင်ကယ်ဘဲရှိတယ် ဆိုင်ကယ်နဲ့ခေါ်သွားလို့ လူနာက ရိုးရိုးဖျားနာရင် ကိစ္စမရှိဘူး ဒါပေမဲ့ ကိုဗစ်ဖြစ်နေရင် သူ့ကို ကူညီတဲ့သူတွေကော ကူးလာနိုင်တယ် အဲ့လိုဆိုရင်က ကျွန်တော်တို့ ခက်သထက် ခက်လာနိုင်တယ်” ဟုသူကပြောသည်။


စစ်ရှောင်စခန်းတွင် ဇူလိုင်လ ၂၄ ရက်နေ့က ကိုဗစ်၁၉ ပိုးတွေ့လူနာ နှစ်ဦးရှိခဲ့ပြီး ထိစပ်သူနှစ်ဦးကို ဇူလိုင် ၂၅ ရက်တွင် စစ်ဆေးရာ ပိုးထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။


မိုင်းနား KBC စစ်ရှောင်စခန်းတွင် အိမ်ထောင်စုပေါင်း ၅၃၂ စုရှိပြီး လူဦးရေ စုစုပေါင်း ၂၉၁၆ ဦးနေထိုင်သည်။


The 74 Media

25 July, 2021

11:51 PM

အုပ်ချုပ်ရေးမှူးက ဖမ်းသွားသူတစ်ဦး နာရီပိုင်းတွင်း ကိုဗစ်နဲ့ သေတာလို့ဆိုပြီး အလောင်းပြန်ပို့

Lay U Mare / CJ


ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု ပန်းတောကုန်းကျေးရွာ ၃ ရပ်ကွက် နေထိုင်သူ ကိုချစ်မွှေး ၂၃ နှစ်ကို ဇူလိုင်လ ၂၃ ရက်နေ့က အုပ်ချုပ်ရေးမှူးနဲ့ မီးသတ်တပ်ဖွဲ့ဝင် အချို့လာရောက်ဖမ်းဆီးသွားပြီး‌နောက် နာရီပိုင်းအတွင်း သေဆုံးသွားခဲ့တယ်လို့ ကိုချစ်မွှေးမိသားစုဝင်တစ်ဦးက ပြောပါတယ်။


ကိုချစ်မွှေးဟာ သူ့ဇနီးဖြစ်သူ မသဉ္ဇာထွန်းနဲ့ လင်မယားချင်း ရန်ဖြစ်ကြပြီးနောက် ယောက္ခမဖြစ်သူက ကျေးရွာအုပ်ချုပ်ရေးမှုးကို သွားရောက်တိုင်ကြားခဲ့ပြီးနောက် အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။


သူ့ကိုလာ ဖမ်းသွားသူတွေထဲမှာ ရာအိမ်မှူးနဲ့ မီးသတ်တပ်ဖွဲ့တချို့ ပါပြီး အဲ့ဒီနေ့ ညနေ ၅ နာရီလောက်က အဖမ်းခံရပြီး ည ၇ နာရီခွဲလောက်မှာ ကိုဗစ်နဲ့သေတယ်ဆိုပြီး အလောင်းကို ပလတ်စတစ်နဲ့ ပိတ်ထားပြီး ပန်းတောကုန်း သုသာန် လာရောက် စွန့်ပစ်ခဲ့ပြီးနောက် ဖွင့်မကြည့်ဖို့ အုပ်ချုပ်ရေးမှူးက ပြောတယ်လို့ ဆိုပါတယ်။


ကိုချစ်မွှေးဟာ ဇူလိုင်လ ၂၃ ရက်နေ့က ရွာထဲက နာရေးတစ်ခု အကူအညီ ပေးခဲ့ပြီးမသေဆုံးခင်က အရက်သောက်စားပြီး ဇနီးနဲ့ ရန်ဖြစ်ခဲ့တာဖြစ်တယ်လို့လည်း ရွာခံတွေကပြောပါတယ်။


အခုလို ကိုချစ်မွှေး အဖမ်းခံရပြီး နာရီပိုင်းအတွင်း သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးသလို ဘာကြောင့် ကိုချစ်မွှေးသေဆုံး့တယ်ဆိုတာကိုလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။


ကိုချစ်မွှေးအလောင်းကို ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီက သင်္ဂြိုဟ်ခဲ့ပြီး အလောင်းကို ဖွင့်ကြည့်ရာမှာ မျက်နှာတွေမှာ ရိုက်နှက်ဒဏ်ရာတွေ တွေ့ရသလို လည်ပင်းကလည်း ညိုနေကြောင်း ရင်ဘတ်ကဖောင်းနေပြီး ပါးစပ်နဲ့နှာခေါင်းက သွေးတွေထွက်နေကြောင်းလည်း ကိုချစ်မွှေးမိသားစုဝင်က ဘီဘီစီကိုပြောပါတယ်။

BBC

24 July, 2021

7:48 PM

ကိုဗစ်ကြောင့် မြစ်ဆုံနှင့် အောင်မြင်သာအပန်းဖြေစခန်းများ ပိတ်ထား

 

Aung Min Tar Resort / Photo: NUM


Covid-19 တတိယလှိုင်း ကူးစက်ပြန့်ပွား လာတာကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အောင်မြင်သာစံပြကျေးရွာက အပန်းဖြေစခန်းတွေနဲ့ မြစ်ဆုံ အပန်းဖြေစခန်းကို ပိတ်ထားတယ်လို့ သိရပါတယ်။

Covid-19 ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့ အပန်းဖြေစခန်းတွေ ပိတ်ပင်ထားသလို ကျေးရွာအဝင်အထွက်တွေကိုလည်း စစ်ဆေးနေတယ်လို့ အောင်မြင်သာစံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဂျာက National Unity Media (NUM)ကိုပြောပါတယ်။

"ကျွန်တော်တို့ ဝါးရုံတော၊ ကြိုးတံတား၊ မြစ်ဆုံ အဲဒီနေရာတွေမှာ စျေးမရောင်းဖို့ တား​မြစ်ထားတယ်။အဲဒီနေရာတွေရဲ့ လမ်းတွေကိုလည်း အကုန်ပိတ်လိုက်တယ်။ ဧည့်သည် အဝင်အထွက် စစ်ဆေးတယ်။ ပူတာအို ၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန် အဲဘက်ကို သွားလာတဲ့ သူတွေနဲ့ ရပ်ဝေးဧည့်သည်တွေကိုတော့ ကျွန်တော်တို့ ပိတ်လည်း မပိတ်ဘူး။ ဘာမှမလုပ်ဘူး။ ဒီမှာ လာပျော်တဲ့သူတွေ နဲ့ ရွာထဲကအဝင်အထွက် လုပ်တဲ့သူတွေကို ကန့်သတ်တယ် ။အဲလိုမျိုး ကြိုတင်ကာကွယ်ဆောင်ရွက်နေပါတယ်။ "လို့ ဦးနော်ဂျာက ရှင်းပြပါတယ်။

ကျေးရွာအတွင်းမှာ ကိုဗစ်ရှိ/မရှိ စစ်ဆေးဖို့ ကျန်းမာရေးဝန်ထမ်းတွေ မရှိတာကြောင့် ကိုဗစ်သံသယသူတွေကို မြို့ထဲကို ပို့ဆောင်တယ်လို့လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောပါတယ်။

"ခုလောလောဆယ်တော့ ကိုဗစ်ဖြစ်တဲ့သူ ဘယ်သူမှမရှိဘူး။ တကယ်လို့ ဖြစ်လာတဲ့သူရှိရင်လည်း ကျွန်တော်တို့ မြို့ဘက်ကို ပို့တယ်။ အဲဒါအပြင် ဒီမှာက ကိုဗစ်ဖြစ်/မဖြစ် စစ်ဆေးဖို့ ကျန်းမာရေးဝန်ထမ်းတွေ တစ်ယောက်မှ မရှိတဲ့အတွက် သံသယံရှိတဲ့သူကို မြို့ထဲပို့တယ်။ "လို့လည်း ဦးနော်ဂျာက ဆိုပါတယ်။

အောင်မြင်သာစံပြကျေးရွာမှာ အိမ်ခြေ (၄၀၀) ကျော် ရှိပြီး အခုလိုမျိုး ကျေးရွာအဝင်အထွက်တွေနဲ့ အပန်းဖြေစခန်းတွေမှာ လည်ပတ်ဖို့ တားမြစ်တာ၊ စစ်ဆေးတာတွေဟာ ​လူထုတရပ်လုံးရဲ့ ကျန်းမာရေးအတွက် ဖြစ်တာကြောင့် နားလည်စေချင်တယ်လို့လည်း ဆိုပါတယ်။

23 July, 2021

4:27 PM

ရှဒူးဇွပ်ကျေးရွာတွင် ကိုဗစ်ပိုးတွေ့လူနာ (၇၀) ခန့်ရှိလာ

 

ကိုဗစ်-၁၉ စစ်ဆေးနေတဲ့ နေရာ / NUM

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု ၊ ရှဒူးဇွပ်ကျေးရွာမှာ (၄)ရက်အတွင်း ကိုဗစ်ပိုးတွေ့လူနာ (၇၀)နီးပါး ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ပိုးတွေ့လူနာတွေကို ကျေးရွာစာသင်ကျောင်းမှာ ထားရှိပြီး မိသားစုလိုက် ကူးစက်ခံရသူတွေကိုတော့ နေအိမ်အတွင်းမှာ လော့ဒေါင်းချကာ ထားရှိတယ်လို့ ဒေသခံတစ်ဦးက National Unity Media (NUM)ကိုပြောပါတယ်။

"ဒီသုံးလေးရက်အတွင်းမှာ (၆၉)ယောက်ရှိပြီ။ သူတို့ကို ရှဒူးဇွပ် စာသင်ကျောင်းမှာထားတယ်။ တစ်ချို့ မိသားစုလိုက် ဖြစ်တာတွေကိုတော့ အိမ်မှာပဲ လော့ဒေါင်းချပြီး ထားတယ်။ အောက်စီဂျင်ပေးရတဲ့သူ သိပ်မရှိဘူး။ ငါးယောက်လောက်ပဲ ပေးရတယ်။ ခုကျောင်းမှာက(၄၀) လောက်ရှိပါတယ်။"လို့ ဒေသခံက ဆိုပါတယ်။

ကျေးရွာအတွင်း ကိုဗစ်ကူးစက်မှု လျော့ချစေဖို့ ဆိုင်ခန်းတွေ ပိတ်ထားကြသလို ရှဒူးဇွပ်ကျေးရွာစျေးကြီးကိုလည်း မနက် (၆)နာရီမှ နေ့လယ်(၁၁) ထိသာ ဖွင့်လှစ်ဖို့ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

22 July, 2021

8:00 PM

ပူတာအိုမြို့က ကောင်ကထောင်ဈေးကို Lockdown ချ

  

Putao gat / Photo :indochinacharm


 ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ကောင်ကထောင်ရပ်ကွက်ရှိ မြို့မဈေးတစ်ခုလုံးအား ယနေ့နံနက်မှစ၍ Lockdown ချလိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ကောင်ကထောင်ဈေးတွင် ဈေးရောင်းနေသည့် ဈေးသည်အမျိုးသမီးတစ်ဦးသည် ယမန်နေ့က ကိုဗစ်ကြောင့် သေဆုံးသွားသည့်အတွက် ဈေးကို Lockdown ချလိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဈေးကတော့ မနက်စောစောကတည်းကနေ လော့ဒေါင်းချလိုက်တာပေါ့။ မနက်အစောကြီးကတည်းက တံခါးတွေပိတ်ထားတယ်။ တချို့ဟင်းသီးဟင်းရွက်သည်တွေက လမ်းဘေးမှာ နည်းနည်း ရောင်းကြတာတွေ့တယ်။ မနေ့ကသေဆုံးတဲ့တစ်ဦးက ကိုဗစ်နဲ့ဆိုတော့ ဒီဈေးအတွင်းမှာလည်း ထပ်ရှိနိုင်သေးတာပေါ့။ ဒါကြောင့် ကူးဆက်မှုတွေသိပ်မပျံ့နှံ့အောင် လကုန်အထိ ယာယီဈေးပိတ်မယ်လို့တော့ ဌာနဆိုင်ရာတွေကပြောကြတယ်”ဟု ပြောသည်။

ဈေးဝယ်သူများအား mask တပ်ကြရန် ယနေ့နံနက် ကိုးနာရီကျော်ခန့်တွင် တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် လိုက်လံသတိပေးခြင်းနေကြောင်း သူကဆက်ပြောသည်။

ပူတာအိုမြို့ရှိ ပိုးတွေ့လူနာများအား ပြည်သူ့ဆေးရုံတွင်ထားရှိ၍ ကုသပေးနေပြီး အောက်ဆီဂျင် လုံလောက်မှုမရှိခြင်းနှင့် ဝန်ထမ်းအင်အားမလောက်ခြင်းတို့ကြောင့် ခက်ခဲမှုရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ပူတာအိုမြို့တွင် ကိုဗစ်တတိယလှိုင်းဖြစ်ပေါ်လာပြီးနောက် ပိုးတွေ့ရှိသူ ယနေ့အချိန်ထိ စုစုပေါင် ၃၀ ဦး ကျော်ရှိလာပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။


The 74 Media News