သတင်းအစုံဖတ်နိုင်ရန် Wunzup News Blog သို့သွားပါ👇👇

Ad 300x250

Breaking

29 August, 2018

သတင်းညီလာခံနှင့် အစီရင်ခံစာမိတ်ဆက်ခြင်း အခမ်းအနား ဖိတ်ကြားခြင်း


Photo : Fortify Rights


မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်အတွင်းမှ ရှောင်လွှဲ၍ရနိုင်သော အထောက်အပံ့ကင်းမဲ့မှုများ အကြောင်းနှင့် စစ်ပွဲအကြောင်းအစီရင်ခံစာသစ်ကမ္ဘာ့ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ က မြန်မာ့တပ်မတော်သည် ကချင်ပြည်နယ်အတွင်း၌ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း သတ်မှတ်ဆုံးဖြတ်ခဲ့ပြီးနောက် Fortify Rights အဖွဲ့အနေနှင့် မြန်မာ အာဏာပိုင်များသည် ကချင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်နိုင်ခွင့်ကိုငြင်းပယ်မှုအား လက်နက်သဖွယ်အသုံးပြု လုပ်ဆောင်နေခဲ့သည့်ပုံစံများအကြောင်း အစီရင်ခံစာသစ် တစ်စောင်ကို သြဂုတ်လ (၃၀)ရက်နေ့ တွင် ထုတ်ဝေဖြန့် ချိသွားမည်ဖြစ်၏။

 လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ခွင့် ကို ငြင်းပယ်ခဲ့ရာ လက်နက်ကိုင် ပဋိပက္ခကြောင့် ရွှေ့ ပြောင်း နေရာချထားခြင်းခံနေခဲ့ရသည့် ထောင်သောင်းချီသည့် တိုင်းရင်းသားကချင်လူမျိုးများအတွက်တကယ်တမ်းတွင် ရှောင်လွှဲ၍ရနိုင်သည့် အထောက်အပံ့ကင်းမဲ့မှုများဖြစ်တည်နေခဲ့ရသည်။ ကချင်ပြည်နယ်အတွင်းမှ စစ်ပွဲကြောင့် ရွှေ့ ပြောင်းနေရာချထားခြင်းခံနေခဲ့ရသည့် အရပ်သား ပြည်သူများအဖို့  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ လုံလုံလောက်လောက်ရရှိ ခံစားနိုင်ခွင့်ကင်းမဲ့နေခဲ့သည်မှာ ကျယ်ကျယ်ပြန့် ပြန့်  သိရှိကြသောအကြောင်းကိစ္စတစ်ရပ်ဖြစ်သော်လည်း အဆိုပါအထောက်အပံ့များက လိုအပ်နေသူတို့ ထံ အဘယ့်ကြောင့်မရောက်ရှိနိုင်ပဲ ဖြစ်နေခဲ့ရသည် ဟူသောအကြောင်းကိုမူ နားလည်သိမြင်မှုများ နည်းပါးနေလေသည်။

ငါးနှစ်တာကာလတစ်ခုအတွင်း ကချင်ပြည်နယ်တွင်အဓိကပြုလုပ်ခဲ့သော တွေ့ ဆုံမေးမြန်းမှုပေါင်း (၁၉၅) ခုကိုအခြေခံသည့် စာမျက်နှာ (၆၈) မျက်နှာပါရှိသော “အရာရာတိုင်းကို သူတို့ ပိတ်ထားတယ် (They Block Every)”အစီရင်ခံစာတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၊ ပြည်တွင်းနှင့်နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများ၏လုပ်ငန်းများအပေါ် တားဆီးပိတ်ပင်မှုများ၊ တရုတ်နိုင်ငံ၏အခန်းကဏ္ဍနှင့် စစ်ပွဲဥပဒေများကို ချိုးဖောက်သည်ဟုဆိုနိုင်သော လုပ်ဆောင်ချက်များအကြောင်းကို အသေးစိတ်မှတ်တမ်းတင်ဖော်ပြ ထားပေသည်။

ဆွေးနွေးတင်ပြမည့်သူများ
• ဒေးဗစ်ဗော့ခ်၊ မြန်မာလူ့ အခွင့်အရေးကျွမ်းကျင်သူ၊ Fortify Rights အဖွဲ့ 
• အေမီစမစ်၊ အမှုဆောင်ဒါရိုက်တာ၊ Fortify Rights အဖွဲ့ 
• လာရစ်၊ ဒါရိုက်တာ၊ ကချင်ဖွံ့ ဖြိုးရေးအုပ်စု

အချိန်
၂၀၁၈ခုနှစ် သြဂုတ်လ (၃၀) ရက်၊ နံနက် ၁၀ နာရီ

နေရာ
အမှတ် (၂၂၃) ဆူးလေဘုရားလမ်း၊ ရန်ကုန်မြို့ ၊ ဆူးလေရှန်ဂရီလာဟိုတယ်၊ မန္တလေးခန်းမ။

သတင်းအချက်အလက်များပိုမိုရယူလိုလျှင်
ဒေးဗစ်ဗော့ခ်၊ မြန်မာလူ့ အခွင့်အရေးကျွမ်းကျင်သူ၊ Fortify Rights အဖွဲ့ ၊
+95 979 311 1685 (မြန်မာ)
Email: david.baulk@fortifyrights.org;
Twitter: @davidbaulk, Fortify Rights
အေမီစမစ်၊ အမှုဆောင်ဒါရိုက်တာ၊ Fortify Rights အဖွဲ့ 
+66 87 795 5454 (Thai mobile, in Myanmar)
Email: amy.smith@fortifyrights.org;
Twitter:@AmyAlexSmith,@FortifyRights
မက်သယူးစမစ်၊ အမှုဆောင်အရာရှိချုပ်၊ Fortify Rights အဖွဲ့ 
+1 202 503 8032 (အမေရိကန်ပြည်ထောင်စု)
Email:Matthew.Smith@FortifyRights.org;
Twitter: @matthewfsmith, Fortify Rights


No comments:

Post a Comment

N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.