Shiga
8:41 PM
Nlung Nnan sha Wunli la Manau Poi N-galaw Sai Lam Daw Dan
![]() |
| Logo |
Nlung Nnan sha Wunli la Manau Poi hpe jahkring da sa na re lam dai ni Manau Wang kaw zuhpawng galaw ai hta daw dan sai re.Dai hta e Mung Shawa a Myitra hpe manu shadan ai WHG Slg ni/Bawsang (5) kaw na Ningbaw ni /Dat kasa ni /Ninghpum Slg ni/Ramma ni /Nlung nnan poi shabyin sha tai committee ni rau jawm daw dan ai lam re hpe chye lu ai.
ကောက်သစ်စားမနောင်ပွဲပြုလုပ်မည့် အစီအစဉ်အပေါ် ကချင်မျိုးနွယ်အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်၍ သဘောထား ရယူခြင်းကို မြစ်ကြီးနားမြို့ စီတာပူမနောင်ဝင်း မနောအိမ်တော်မှာယနေ့ ပြုလုပ် ခဲ့ပြီး တက်ရောက်လာသူအများစုမှာ ကန့်ကွက်မဲပေးကြသောကြောင့် မနောင်ပွဲအစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကချင်ရိုးရာယဉ်ကျေးမှုအသင်း ဗဟိုကော်မတီ ဥက္ကဌ ဦးထုံဖူးဒဂုဏ် ကပြောသည်။
“တချို့က (မနောင်ပွဲ) လုပ်ဖို့ပြောတယ်၊ တချို့ကတော့ မလုပ်ဖို့ပေါ့၊ မနောင်ကတဲ့အစီအစဉ် ကို ဖြုတ်လိုက်ဖို့ တင်ပြတာလည်းရှိတယ်၊ လုပ်ခြင်း မလုပ်ခြင်းရဲ့ အကျိုးအပြစ်တွေကို ဆွေးနွေးကြတယ်၊ နောက်ဆုံး ဆန္ဒမဲ ကောက်ယူတော့ ၉၀ ရာခိုင်နှုန်းကျော်က ရပ်နားလိုက်ဖို့ သဘောထားပေးကြတော့ မနောင်ပွဲကျင်းပမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်တာပါ” ဟု ၎င်းကဆိုသည်။
အဆိုပါဆွေးနွေးပွဲ သို့ ကချင်မျိုးနွယ်များ ဖြစ်ကြသော ဇိုင်ဝါး၊ လော်ဝေါ်၊ လချိတ်၊ လီဆူနှင့် ရဝမ် စတဲ့ စာပေနှင့်ယဉ်ကျေးမှု အဖွဲများမှ ဥက္ကဌများ အတွင်းရေးမှူးများ ပါဝင်တဲ့ ကိုယ်စားလှယ်စုစုပေါင်း သုံးဆယ်ကျော် တက်ရောက်ဆွေးနွေး သဘောထားပေးခဲ့ကြပြီး ဂျိန်းဖေါ့ စာပေနှင့်ရိုးရာယဉ်ကျေးမှု အဖွဲ့ကတော့ ကိုယ်စားလှယ်တက်ရောက်ခြင်းမရှိပဲ ခွင့်တိုင်ကြားခဲ့ကြောင်း ဦးထုံဖူးဒဂုံက ပြောသည်။
ရိုးရာကောက်သစ်စားမနောင်ပွဲ (Nlung nnan sha Manau Poi) ကျင်းပမည့်အပေါ် ကချင်လူထုကြားတွင် ယခုအချိန်တွင် မပြုလုပ်သင့်ကြောင်း ကန့်ကွက်မှုများစွာဖြစ်ပွားခဲ့ပြီး အချို့ ရိုးရာယဉ်ကျေးမှုအဖွဲ့များက မနောင်ပွဲအစီအစဉ်ကို ကန့်ကွက်ကြောင်း စာထုတ်ပြန်မှုများလည်း ရှိခဲ့သည်။
Kachin Waves ,Kachin Youth Movement







































