Sam Mung Ginwang,Kyaing Tong University kaw July,2016 kaw na Sam Myu Sha laika hpe sharim mat wa na re lam chye lu ai.
တိုင်းရင်းသား
မျိုးနွယ်စုပေါင်း များစွာ ပညာသင်ကြားနေသော ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ တက္ကသိုလ်တွင်
ဇူလိုင်လမှ စတင်ကာ ရှမ်းစာပေ သင်ကြားပေးမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် ရူပဗေဒဌာနမှူး
ပါမောက္ခဒေါက်တာ စိုင်းထွန်းအေးက ပြောကြားသည်။
“တက္ကသိုလ်မှာ
တက်ရောက်နေတဲ့ ရှမ်းတိုင်းရင်းသားတွေ အကြောင်း အမျိုးမျိုးကြောင့် ရှမ်းစကားနဲ့ ရှမ်းစာ
မတတ်မြောက်ခဲ့လို့ သင်ကြားပေးတာပါ။ ခွင့်ပြုချက်ရရင် ဒီလအတွင်း စသင်ကြားပေးမယ်”ဟု ယင်းတက္ကသိုလ်၏
ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာစိုင်းထွန်းအေးက ရှင်းပြသည်။
ကျိုင်းတုံတက္ကသိုလ်
ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ အနေနှင့် ရှမ်းတိုင်းရင်းသားများ အပါအဝင် အခြား စိတ်ပါဝင်စားသည့်
တိုင်းရင်းသားများကို ရှမ်းစာပေ သင်ကြားပေးမည်ဖြစ်ရာ ရှမ်းစာပေ တတ်မြောက်ရန်အတွက် လေ့လာသင်ယူမည်ဖြစ်ကြောင်း
ကျိုင်းတုံ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စမ်းစမ်းမာက ပြောကြားသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)
ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ် အပါအဝင် နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များ၌
ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီများကို ၂၀၁၅ ခုနှစ်က စတင် ဖွဲ့စည်းခဲ့သည့်အပြင် တက္ကသိုလ်များ
စုပေါင်း၍ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖြစ် ထပ်မံ ဖွဲ့စည်းထားသည်။
The Voice