သတင်းအစုံဖတ်နိုင်ရန် Wunzup News Blog သို့သွားပါ👇👇

Ad 300x250

Breaking

25 August, 2018

'မူးယစ်ဆေးဝါး အကြီးအကျယ် ရောင်းဝယ်နေတဲ့ ဒိုင်များကို ဖမ်းမိတာ မကြားဘူး'' ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူလူထု တွေ့ဆုံပွဲတွင် ပြည်သူတစ်ဦး ပြောဆို

Pကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူလူထု တွေ့ဆုံပွဲတွင်/ Photo: Kachin Time 

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးခံရသူများတွင် ဒိုင်များ ဖမ်ဆီးခံရမှု မတွေ့ရခြင်းနှင့် ပတ်သက်၍ ဩဂုတ်လ ၂၅ရက်နေ့(ယနေ့) မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သော ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်သူလူထုတွေ့ဆုံပွဲ တွင် ပြည်သူတစ်ဦးမှ ပြောဆိုခဲ့သည်။

''မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး သုံးစွဲတဲ့သူတွေ ရောင်းဝယ်တဲ့ သူတွေ ဖမ်းတယ် ကောင်းပါတယ် ဒါပေမဲ့ အခုထိ မူးယစ်ဆေးဝါး အကြီးအကျယ် ရောင်းဝယ်နေတဲ့ ဒိုင်တွေကို တစ်ယောက်မှ ဖမ်းမိတယ်ဆိုတာ အခုထိ မကြားမိသေးဘူး'' ဟု ပြောဆိုခဲ့သည်။

အဆိုပါ ပြည်သူတစ်ဦး၏ ပြောဆိုချက်အား နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးသူရမျိုးတင်က ပြန်လည်ဖြေကြားရာတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အား အသွင်သဏ္ဍန် ပုံသဏ္ဍန် ပြောင်းလဲ၍ ဖွဲ့စည်းနေပြီဖြစ်ပြီး အကိုင်းအခက်တင် မကဘဲ ပင်မ ရောင်းဝယ်သူများအား ဖမ်းဆီးရရှိနိုင်ရန် ကြိုးစားဆောင်ရွက် နေကြောင်း မူးယစ်ဆေးဝါးသတင်းများကိုလည်း အချိန်အခါမရွေး သတင်းပေး ပြောကြားနိုင်ကြောင်းပြောသည်။

ဆက်လက်ပြီး ဗိုလ်မှုးကြီးသူရမျိုးတင် က ''ကျွန်တော်တို့ နယ်မြေထဲ မှာတော့ ထုတ်လုပ်တယ်ဆိုတာ အင်မတန်ရှားတယ်လို့ သိရပါတယ် အားလုံးသိတဲ့အတိုင်း နိုင်ငံတော်သမ္မတကြီးကလည်း မူးယစ်ဆေးကိစ္စနဲ့ ပတ်သက်ပြီး အလေးထား မှာကြားတာရှိပါတယ် ကျွန်တော်တို့ကို တိုင်ကြားနိုင်ပါတယ်''ဟုပြောသည်။

ထို့အပြင် အဆိုပါ ပြည်သူမှ ကချင်ပြည်နယ် နယ်စပ်တစ်လျှောက်ဒေသ များတွင် ဘိန်းခင်းဧက ထောင်ချီ၍ အကြီးအကျယ်စိုက်ပျိုးနေကြပြီး Border Guard Force ဆိုသည့် နယ်ခြားစောင့်တပ်များ ရှိသော်လည်း ၎င်းတို့ မည်သည့်အလုပ် လုပ်ကိုင်သည်ကို မသိကြောင်း ပြောဆိုသည်။

ပြည်သူ၏ ပြောဆိုချက်အား နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး သူရမျိုးတင်က ပြန်လည်ဖြေကြားရာတွင် ယခု တင်ပြချက်နှင့် ပတ်သက်၍ တိကျသော အနေအထားမဟုတ်သဖြင့် အတည်ပြု၍ မရပါကြောင်း ဘိန်းစိုက်ပျိုးမှုများအား လျော့ချနိုင်ရန် မိမိတို့ ကြိုးစားဆောင်ရွက်နေကြောင်းပြန်လည် ဖြေဆိုခဲ့သည်။

''မူးယစ်ဆေးဝါးအမှု ၉၀၅မှုရှိတယ် ဘာကြောင့် များလာလဲဆိုတော့ အခု စီမံချက်နဲ့ လုပ်လိုက်တော့ မိုးညှင်းဘက် အမှု ပိုများလာတယ် ဖားကန့်ဘက် အမှုပိုများလာတယ် ဒီအမှုတွေကို အမြန်ဆုံး ပြီးပြတ်အောင် စစ်ဆေးဆောင်ရွက် နေတယ်လို့ ပြောကြားလိုပါတယ်'' ဟု ကချင်ပြည်နယ် တရားသူကြီးချုပ် ဦးတူးဂျာက ဖြည့်စွက် ပြောကြားခဲ့သည်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံး၏ အချက်အလက်များအရ ၂၀၁၇ခုနစ် တွင် မူးယစ်ဆေးဝါးမှု ၁၈၁၄မှုဖြစ်ပွားခဲ့ပြီး သိန်ပေါင်းတစ်သိန်းကျော် တန်သည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ သက်တမ်း ၂နှစ် ၅လ အတွင်း ဆောင်ရွက်ခဲ့သည်များကို ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမအတွင်း ၃နာရီခန့် ဆွေးနွေးခဲ့ကြသည်။


#The_kachin_times_news

No comments:

Post a Comment

N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.