သတင်းအစုံဖတ်နိုင်ရန် Wunzup News Blog သို့သွားပါ👇👇

Ad 300x250

Breaking

12 August, 2018

ကမ္ဘာ့ နိုင်ငံခေါင်းဆောင်များ နှင့် ရင်ဘောင်တန်းခဲ့သော KIO/KIA ခေါင်းဆောင်ကြီး များ

APALC - Kachinland Chapter နှင့် KIO ခေါင်ဆောင်ကြီးများ၏ နိုင်ငံတကာနိုင်ငံရေးခရီးစဉ်

Kachinland Chapter သည် (၁၉၇၁) ခုနှစ်တွင် APACL (Asian People's Anti-Communist League)၏ တရားဝင်အဖွဲ့ဝင် Chapter ဖြစ်လာခဲ့သည်။ (၁၉၇၁)ခုနှစ်၊ တောင် ကိုးရီးယားနိုင်ငံ Seoul မြို့တွင် ကျင်ပသော APACL ၏ ၁၇ကြိမ်မြောက်၊ အထွေထွေညီလာခံတွင်၊ Kachin Land ကို APACL ၏ အဖွဲ့ဝင်ဖြစ်ဖို့ KIO ဥက္ကဌ GOC Lahtaw Zau Seng(KIO/A ကို ဦးစီးတည်ထောင် သူ ပထမဦးဆုံးသော ကေအိုင်အို  ဥက္ကဌ ဖြစ်သည်) မှ ညီလာခံတွင် အဆိုတင်တွင်းခဲ့ရာ၊ အိန္ဒိယနိုင်ငံနှင့် အီရန်နိုင်ငံတို့မှလွှဲ၍ ကျန်နိုင်ငံများမှ ကိုယ်စားလှယ်များ၏ ထောက်ခံမှုကြောင့် ယင်း အဆိုအောင်မြင်
ကာ Kachinland သည် တရားဝင် APACL အဖွဲ့ဝင် Chapter ဖြစ်လာခဲ့သည်။ 
APACL အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ဆိုလျှင်(၁) တရားဝင် ဖွဲ့စည်းပုံအခြေခံဥပဒေရှိသော နိုင်ငံဖြစ်ရမည်။ (၂) UN အဖွဲ့ဝင်နိုင်ငံဖြစ်ရမည်။ (၃) ကွန်မြူနစ်ကို တိုက်ထုတ်နေသော အချုပ်အချာအာဏာပိုင်နိုင်ငံဖြစ်ရမည်။အထက်ပါကန့်သန့်ချက်များ ရှိသည့်ကြားကပင်၊ Kachin Land ကို APACL တရားဝင်အဖွဲ့ဝင်ဖြစ်ဖို့ စွမ်းဆောင်ခဲ့သော KIO၏ ပထမဆုံးသော ဥက္ကဌကြီး Gen. Lahtaw Zau Seng ၏ အံ့မခန်းစွမ်းဆောင်ရည်များသည်၊ Kachinland မှ ကချင်လူမျိုးတွေကို ကမ္ဘ္ဘာ့ အလယ်တွင် ဂုဏ်သင့်စေခဲ့သည်သာမက၊ GOC Lahtaw Zau Seng ကိုကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များကပင် ချီးကြူးဂုဏ်ပြုခဲ့ကြသည်။ 


Gen. Lahtaw Zau Seng နှင့်အတူ၊ပြည်ပနိုင်ငံခရီးစဉ်တစ်လျှောက်တွင် အတူတကွ ပါဝင်ခဲ့သူမှာ Col. James Lum Dau ပင်ဖြစ်သည်။ (၁၉၇၂)ခုနှစ်၊ Taipei တွင်ကျင်းပသော APACL ၏ (၁၈) ကြိမ်မြောက်အထွေထွေညီလာခံသို့ တက်ရောက်ရန်၊ Kachinland ကို တရားဝင် စတင်ဖိတ်ကြားသောကြောင့်၊ KIO ဥက္ကဌ GOC လထော်ဇော်ဆိုင်း ( Chairman Of Kachinland Chapter)၊ Mr. Lanyaw Zawng Hra (General Secretary of KIO)၊ Col. James Lum Dau နှင့်အဖွဲ့မျာ တက်ရောက်ခဲ့ပါသည်။
KIO၏ ဒုတိယ မြောက်ဥက္ကဌ ဖြစ်သော Mr. Maran Brang Seng လက်ထက်တွင်လည်း APACL ညီလာခံတွင်တင်ရောက်ခဲ့သည်သာမက ကမ္ဘာ့နိုင်ငံပေါင်း(၂၀)ကျော်တွင် သွားရောက်လည်ပတ်ကာ နိုင်ငံတကာ ခေါင်းဆောင်များနှင့် Kachin Land အကြောင်း နှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြသည်။KIO Chairman Mr.Maran Brang Seng၊ Mr.Lanyaw Zawng Hra, Col. James Lum Dau, Dr. Gam Seng နှင့် Mr.Robert Morse တို့သည်၊ APACL (Asian People's Anti-Communist League) ညီလာခံသို့ တက်ရောက်ရန် (၁၉၈၇)ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်တွင် Taipei လေဆိပ်သို့ရောက်ရှိခဲ့သည်။ ဩဂုတ်လ (၁၆) ရက်နေ့တွင် ညီလာခံသို့  စတင်တက်ရောက်ခဲ့ပြီး၊ ဩဂုတ်လ(၁၉)ရက်နေ့တွင်ကျင်းပသော ညီလာခံတွင် Chairman Mr.Maran Brang Seng မှ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ 

အဆိုပါ မိန့်ခွန်းပြောကြားသည့် ရုပ်သံကို သြဂုတ်လ(၁၉) ရက်နေ့ညမှာပင် China TV Channel (CCTV) ၌ ထုတ်လွှင့်ပေးသော်လည်း၊ နိုင်ငံတကာမှ ခေါင်းဆောင်များပြန်လည်တောင်းဆိုမှုများကြောင့်၊ သြဂုတ်လ(၂၀)ရက်နေ့ မနက်တွင်တစ်ကြိမ်၊ ညနေပိုင်းတွင်တစ်ကြိမ် သုံးကြိမ်တိုင်တိုင် ထုတ်လွှင့်ပေးခဲ့ပါသည်။ ထိုညီလာခံတွင် KIO ဥက္ကဌ Mr. Maran Brang Seng သည်၊ Chairman of Kachinland Chapter အနေဖြင့် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး၊ ညီလာခံ၏ ရှေ့မျက်နှာပြင်တွင်လည်း Kachin National Flag ကို တစ်ခြားနိုင်ငံများနည်းတူ လွှင့်ထူထားသည်ကို သမိုင်းမှတ်တမ်းရုပ်သံများတွင်တွေ့နိုင်ပါသည်။

APACL အဖွဲ့ဝင်နိုင်ငံများသည် WACL (World Anti-Communist League) အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်နိုင်သောကြောင့်၊ Kachinland သည် WACL အဖွဲ့ဝင် Chapter အဖြစ်လည်းတရားဝင် ပါဝင်ခဲ့သည်။ WACL ကို၊ (1990) ခုနှစ် ဇူလိုင် (၂၃)၊ Belgium နိုင်ငံ Brussels တွင်ကျင်းပသော (၂၂) ကြိမ်မြောက် အထွေထွေညီလာခံတွင်၊ WLFD (World League for Freedom and Democracy) အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး၊ ယခုအခါ WLFD တွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၀၀)ကျော်ပါဝင်ပြီး၊ United Nations, Department of Public Information မှ အဖွဲ့အစည်းကြီးဖြစ်သည်။


References;
- The Washington Post. 29 May 1978.
- New York Times, April 19, 1988.
- The Guardian, August 6, 1994 Missing or empty.
- Anti-Defamation Laegue (1981), "Terrorism' Target: Democracy, Isreal and Jews", p23-cited at ADL on     the WACL & John McCain
- An autobiography of My Life experience in the services of KIO-KIA revolution movement / Col. James       Lum Dau.

(Credit Nam Sim Tdabawk)
အထက်ပါ သတင်းစာများ နှင့် စာအုပ် များထံမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

11/08/2018

No comments:

Post a Comment

N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.