သတင်းအစုံဖတ်နိုင်ရန် Wunzup News Blog သို့သွားပါ👇👇

Ad 300x250

Breaking

05 September, 2018

အောင်လအင်ဆန် ကြေးရုပ်တုအပြင် အားကစားရုံ ဆောက်လုပ်ရန် အစီအစဉ်ရှိကြောင်းပြော




One Championship ၏ ၀ိတ်တန်းနှစ်ခု ရွှေခါးပတ် ချန်ပီယံ အောင်လအင်ဆန် ၏ ပုံတူ ကြေးရုပ်တု ဆောက်လုပ်ပြီးလျှင် အားကစားရုံ ဆောက်လုပ်ရန် အစီအစဉ်ရှိကြောင်း အောင်လအင်ဆန်ကြေးရုပ်တု ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးဇလွမ်းက ပြောသည်။

''စီတာပူ မနောဥယျာဉ် ၆၃ဧကမှာ အောင်လအင်ဆန် အားကစားရုံ လုပ်မယ် လူငယ်တွေ လက်တွေ့ ကစားနိုင်မယ့် နေရာတွေ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။

အားကစားရုံအား မည့်သည့်အချိန်ကာလတွင် စတင် လုပ်ဆောင် သွားမည်ကိုတော့ ကြေးရုပ်တုပြီးနောက် ဒုတိယအစီအစဉ်အနေဖြင့် ဆက်လက်ဆွေးနွေးကာ အကောင်အထည်ဖော်သွားမည်
ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

အောင်လအင်ဆန် ကြေးရုပ်တု ဆောက်လုပ်ရေး လုပ်ငန်းများအား ယခု အပါတ်အတွင်း စတင်သွားမည်ဖြစ်ပြီး သုံးလအတွင်းအပြတ် ပြီးစီးအောင် လုပ်ဆောင်သွားမည်ဟု သိရသည်။

အောင်လအင်ဆန်၏ ကြေးရုပ်တုအား မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမအနီးရှိ မြေကွက်လပ်တွင် စိုက်ထူသွားမည်ဖြစ်ပြီး လာမည့် ဒီဇင်ဘာလတွင် အခမ်းအနားဖြင့် ဖွင့်လှစ်သွားမည်ဟု သိရသည်။

#The_kachin_times_news
The Kachin Times

No comments:

Post a Comment

N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.