Shiga
9:56 PM
အပစ်အခတ်ရပ်စဲဒေခံ ပြည်သူတွေရဲ့အသံများ ကိုစုစည်းကာ Listening Methodology 'လို့ခေါ်တဲ့ နားထောင်ခြင်းအတတ်ပညာ ကိုသုံးပြီး ရေးသားထားသော စာအုပ်မိတ်ဆက်ပွဲကျင်းပ
| Book Launch Ceremony / Photo : Thomas |
အပစ်အခတ်ရပ်စဲဒေခံ ပြည်သူတွေရဲ့အသံများ ကိုစုစည်းရေးသားထားသော စာအုပ်" We Want Our Communities Back, No More Fighting and Violence" Voice of Communities from Myanmar's Ceasefire Area from 2017-2018 ဆိုတဲ့ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ဒီကနေ့ သြဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်း ၃ နာရီမှာ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ စိန်ကိုလန်ဘန် ကက်သလစ်ဘုရားကျောင်း သုံးထပ်အဆောင်မှာ ကျင်းပခဲ့ပါသည်။
| Book Launch Ceremony / Photo : Thomas |
KMSS မြစ်ကြီးနားမှ ကြီးမှုး ကျင်းပသော ထိုအခမ်းအနားသို့ ကချင်ပြည်နယ်အတွင်းမှ နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ချို့ ၊NGO,INGO ,CSO အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်ဘာသာရေးခေါင်းဆောင်များ၊တစ်ခြားဖိတ်ကြားထားသောသူများ သက်ရောက်ခဲ့ကြပါသည်။
| Book Launch Ceremony / Photo : Thomas |
၎င်းစာအုပ်၏ထူးခြားချက်မှာ 'Listening Methodology 'လို့ခေါ်တဲ့ နားထောင်ခြင်းအတတ်ပညာ ကိုသုံးပြီး ရေးသားထားခြင်းဖြစ်ကာ မြန်မာနိုင်ငံရှိ ပြည်တွင်း စစ်ပွဲဖြစ်ပွားရာဒေသခံ ပြည်သူအရောက် လေးထောင်ကျော်နှင့် ဆွေးနွေးပွဲ နှစ်ထောင်ကျော်မှ လူပုဂိုလ်များပြောပြသော စကားသံများကို ရေးသားထားခြင်းဖြစ်ကြောင်း Coordinator နှင့် Editor Mr Tengku Shahpur က ပြောပြသွားပါသည်။
ဤစာအုပ်ကို မြန်မာနိုင်ငံမှ Myanmar Parner Organisations, Karuna Myanmar Social Service (KMSS) Kachin, Taáng Student and Youth Union (Nothern Shan State) ,Pyi Nyein thu Kha (Southern Shan State), Karen Development Network (Kayin State), Kayah State Peace Monitoring Network (Kayah State) , Mon Women Network (Mon State) နှင့် The Center for Peace and Conflict Studies (CPCS) စသည့် အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် Paung Sie Facility က ထောက်ပံ့ကာ ထုတ်ဝေထားသော စာအုပ်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်အလိုက် ခေါင်းစဉ်ခွဲပြီး အထူးစုစည်းရေးသားထားခြင်းဖြစ်ကာ ဒီနေ့ဖွင့်ပွဲမှာတော့ အင်္ဂလိပ်လိုရေးသားထားသော စာအုပ်ကိုသာ ထုတ်ပြထားပြီး မြန်မာဘာသာ ဖြင့်လည်း ထုတ်ဝေရန်ရှိကြောင်းသိရသည်။
Thomas





