23 June, 2014
IDP များနေရပ်ပြန်သည်အထိ အစားအစာ ထောက်ပံ့ပေးဖို့လိုတယ် ဟုဦးဒွဲပီဆာ ပြော
ကမ္ဘာစားနပ်ရိက္ခာအဖွဲ့(WFP) မှ ဒုက္ခသည်များအားလုံးကို အခြေခံအစားအစာ
ဆန်၊ဆီ၊ဆား၊ပဲ မပေးတော့ဘဲ အမှန်တကယ်လိုအပ်နေသူများကို သာပေးတော့မည်ဆိုသည့်အပေါ် ကချင်ဒုက္ခသည်များ
ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဦးဒွဲပီဆာက ဒုက္ခသည်များ မိမိနေရပ်သို့ ပြန်သည်အထိ အစားအစာထောက်ပံ့ဖို့
လိုအပ်ကြောင်း ပြောလိုက်ခြင်းဖြစ်သည်။
ဦးဒွဲပီဆာက “ ကျွန်တော်တို့ ကချင်တွေက ကိုယ့်အိမ်ကိုယ့်ရာနဲ့
နေတဲ့သူတွေဖြစ်တယ်။ IDP ဆိုတဲ့ အားလုံးက ကိုယ့်အိမ်ကိုယ်ခြံကို ပစ်ပြီး ထွက်ပြေးလာတဲ့သူတွေဖြစ်တယ်။
ဒါကြောင့် သူတို့နေရပ် ပြန်သွားတဲ့ အထိ အစားအစာတွေ ထောက်ပံ့ ပေးဖို့ လိုအပ်တယ်” ဟုပြောသည်။
ဒုက္ခသည်များအကြား ၀င်ငွေရှိသည် ဟုဆိုခြင်းမှာ တရုတ်များ၏ ငှက်ပျောခြံတွင်
နေ့စားသွားရောက် လုပ်ကိုင် ခြင်းသာဖြစ်ကြောင်း ပြောသည်။ထိုလုပ်ငန်းများမှာ ပုံမှန်
ဝင်ငွေရှိနေခြင်းများ မဟုတ်ကြောင်း ထင်းရှာမည့် နေရာပင်မရှိသည့်အတွက် ဒုက္ခရောက်နေကြောင်း
ပြောသည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)မှ ဒုက္ခသည်များအတွက် တစ်ယောက် တစ်လလျှင်
ဆန်(၆)ပြည်၊ ပဲ(၆)လုံး၊ မိသားစုတစ်စုလျှင် ဆီ(၁)ဘူး၊ဆားတစ်ဆုပ် ကို ပံ့ပိုးကာ ကေဘီစီ၊ဂရုဏ၊ငြိမ်းဖောင်ဒေရှင်း
များက ဒုက္ခသည်စခန်းများတွင် ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က ဒုက္ခသည်များအား လုပ်ငန်းလုပ်ကိုင်နေသူများ၊၀င်ငွေရှိနေသူများ
ကို အခြေခံ အစားအစာ မပေးတော့ဘဲ ကလေးငယ်နှင့် အသက်ကြီးရွယ်အိုများ၊မသန်စွမ်းသူများကို
သာပေးသွားမည့် စီမံကိန်း အစမ်းအဖြစ် ဒုက္ခသည်စခန်းများကွင်းဆင်းမှုများပြုလုပ်လျက် ရှိနေသည်။
ထိုအစမ်း စီမံကိန်းများကြောင့် ဒုက္ခသည်များကြား ကွဲပြားမှုများရှိလာနိုင်ကြောင်း
မိုင်းနားစစ်ရှောင်စခန်းမှ တာဝန်ခံ ဦးခေါင်ဒေါင်က “ သူတို့ထဲမှာ စိတ်မကောင်းတာတွေဖြစ်လာမယ်။သူတို့ပေးတယ်ဆိုတာက
အခြေခံ အစားအစာပဲ။ဒါတောာင် လောက်ငတယ်မရှိဘူး။ သူတို့ပြောတာကတော့ အစမ်းသဘောလို့ပြောတာပဲ။
ဒါပေမဲ့ သူတို့အထဲမှာ စီမံကိန်းရှိမယ် လို့ထင်တယ်” ဟုပြောသည်။
မြစ်ကြီးနားမြို့  မိုင်းနားနှစ်ခြင်းစစ်ရှောင်စခန်းတွင် လွန်ခဲ့သည်
ဇွန်လ(၄)ရက်နေ့တွင် အစမ်းသဘောအဖြစ် IDP အဆောင်းမှူးများနှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း
သိရသည်။
ထိုကဲသို့ ပြုလုပ်လိုက်သည့် အတွက် ခက်ခဲသည့် ဒုက္ခသည်များ ပိုမို
ခက်ခဲလာနိုင်ကြောင်း မိုင်းနား ဒုက္ခသည် စခန်းမှ အသက်(၅၆)နှစ် ဒေါ်ဘောက်ဆိုင်းက “ တစ်ချို
့က ကလေးများတယ်၊ရှာတဲ့သူက တစ်ယောက်ထဲဘဲ အဲဒါကို သူတို့က ၀င်ငွေအရှာထွက်ပြီး ဆိုပြီး
စဉ်းစားလိုက်ရင် သူရှာတာ အားလုံးလောက်စားနိုင်တယ် ဆိုတာတွေ ဖြစ်လာနိုင်တယ်။ အမှန်တကယ်သူတို့က
မလောက်စားဘူး” ဟုပြောသည်။
ယခုနှုန်းထားအတိုင်း ဒုက္ခသည်များအားဆက်လျက် ပေးရန် ဆန္ဒရှိကြောင်း
မိုင်းနား စစ်ရှောင်စခန်းမှ ကလေး(၈) ယောက်ဖခင် ဦးမရန်နော်တောင်က “ လောက်တာပဲဖြစ်ဖြစ်၊
မလောက်ဘူးပဲဖြစ်ဖြစ် အားလုံးကို မျှမျှတတပေးနေရင်တော့် စိတ်ချမ်းသာ” ဟုပြောသည်။
၎င်းက “တစ်ချို့က သူတို့အိမ်ကိုပဲ ပြန်ပြီး လုပ်စားတော့မယ်တဲ့။
အစားအစာတွေ မရရင်တော့ သေရင်သေပါစေ အိမ်ကိုဘဲပြန်ပြီး လုပ်စားမယ်ဆိုပြီး ပြောတယ်” ဟုပြောသည်။
ဒုက္ခသည်များကြားတွင်လည်း မိသားစုတစ်စုနှင့်တစ်စု အခက်အခဲမတူညီကြောင်း
ဒုက္ခသည်တစ်ဦးက “ တစ်ချို့ မိသားစုတွေက ၀င်ငွေရှာနိုင်တယ် ဒါပေမဲ့အိမ်မှာ ဆေးကုရမည့်သူ
တစ်ယောက်ရှိနေတယ်။ ဘယ်လောက်ဘဲ ရှာနိုင်ရှာနိုင်သူတို့ကတော့ အကြွေးတွေတင်နေတာဘဲ” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး WFP သို့သတင်းယူရာတွင် မီဒီယာများကို
ဖြေကြားပေးမည့်သူမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ယောက်သာ သတ်မှတ်ထားပြီး ထိုသူမှာလည်း
ခွင့်တစ်ပတ်ယူထားသည့်အတွက် အီးမေလ်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပေ။
၂၀၁၁ ခုနစ် ဇွန်လ(၉)ကချင်လွတ်မြာက်ရေးတပ်မတော်(ကေအိုင်အေ)နှင့်
မြန်မာစစ်အစိုးရ တပ်မတော်တို့ စစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် စုစုပေါင်း(၁)သိန်းကျော်
နေရပ်စွန့်ခွာ ခဲ့ရသည်။
By Jade Land
Recommended Articles
- buga shiga
Laiza Muklum Kata Hkali Byin Ai Masha Grai LawJul 21, 2021
Laiza Mare (Photo: The Irrawaddy)Laiza muklum kata hkali ana byin hkrum ai masha gaw shawoi shaning na hta grau law jat wa ai hta hkali an...
- Covid-19
Covid-19 Ninghkap Makawp Maga Lu Na Matu Nawku Hpung Ni Kawn Shajin NgaJul 21, 2021
Covid machyi masha ni hpe yu lakawn na Ramma ni / Photo: CJMyanmar mungdan hta Covid-19 kap bra ana zinli numdaw (3) lang hku nna n-gun kaba hte laja ...
- myanmar news
မြန်မာ့ စပါးအုံး အောင်လ အန်ဆန်ဟာ လက်ဘနွန်က မိုဟာမက် ခရာခီကို အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ပြီOct 26, 2018
photo:bbc burmese အောက်တိုဘာလ ၂၆ ရက်နေ့ ည က ကျင်းပ ခဲ့တဲ့ One Championship သိုင်းပေါင်းစုံပြိုင်ပွဲ ရဲ့ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်ဟ...
- htunghking
Nlung Nnan sha Wunli la Manau Poi N-galaw Sai Lam Daw Dan Oct 03, 2018
Logo Nlung Nnan sha Wunli la Manau Poi hpe jahkring da sa na re lam dai ni Manau Wang kaw zuhpawng galaw ai hta daw dan sai re.Dai h...
Post N-NNAN
ဖားကန့် ဗျုဟာကုန်း မှ ကေအိုင်အေ စခန်းရှိရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ် ရန်စ
POST DINGSA
Computer/Internet hte seng nna ahkyak ai Laika si kadun ni a mying galu ni (Important Full Forms of Computer Related Terms)
Seng ang ai ga baw
jinghpaw mung shiga,
Shiga
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.