22 July, 2014
Mobile Phone ဖုန်းအကြောင်း (Mobile Phone Langai kaw lawm ai Functions ni a lam)
ဖုန်းအတွင်းပိုင်းနဲ့
ပက်သက်တဲ့ သိထားသင့်တဲ့ အစိတ် အပိုင်းတွေကို မိတ်ဆက် ပေးသွားမယ်၊ မနက်ဖြန် ကျန်တဲ့
အပိုင်းတွေ အကြောင်းကို ဆက် ပီး မိတ်ဆက်ပေးမယ်၊ ဒီလို သိစေချင်ရတဲ့ အကြောင်း အရင်းကတော့
နောက်ပိုင်းမှာ Phone Hardware Components တွေကို အလုပ် ခိုင်းအောင် Component တစ်ခုစီ
အတွက် ဘယ်လို ကုတ်တွေရေးလဲ ဆိုတာ ပြောပြ သင်ပြမလို့ပါ၊ ဖွင့်ထားတဲ့ ဖုန်းမရှိလို့ အွန်လိုင်းက
ဖုန်းကိုရှာပီး ဓါတ်ပုံရိုက် တင်ပေးလိုက်တယ်၊ အားရင် ဖုန်းပုံကို ပိုပီးရှင်းအောင်
ဓါတ်ပုံပြန် ရိုက်တင်ပေး မယ်၊
ခု မိတ်ဆက်ပေးတဲ့
ဖုန်း နဲ့ စာဖတ်သူရဲ့ ဖုန်း တထပ်တည်း ကိုက်ညီမှာမဟုတ်ဘူး၊ ဒါပေမယ့် အခြေခံ အချက်တွေကို
သဘောပေါက်ထားရင် အခြား ဖုန်းတွေရဲ့ အစိတ်အပိုင်းတွေ ခွဲထားပုံကိုလဲ နားလည်နိုင် တယ်၊
အထက်က ပုံကိုသေချာကြည့်ပါ အပိုင်းနှစ်ပိုင်းပါတယ်၊ Network Section နဲ့ Power
Section တို့ပါ၊
Antenna
Switch:
Antenna
Switch (အာရုံခံတိုင် ၊ အင်္ဂလိပ်လိုခေါ်နိုင်ရင်အကောင်းဆုံးပဲ) Cell Phone Antenna
Switch လို့ခေါ်ရင်တော့ ပိုသိသာသွားတာပေါ့၊ Antenna Switch ကို ဖုန်းရဲ့ Network
Section မှာ ရှာတွေ့နိုင် တယ်၊ Antenna Switch ကို သတ္ထုနဲ့ ပြုလုပ်ထားတဲ့ အမျိုး အစားရှိသလို
သတ္ထု မဟုတ်တဲ့ Antenna Switch တွေလဲရှိတယ်၊ GSM baseband သုံးတဲ့ ဖုန်းတွေမှာ အဖြူရောင်
နဲ့ တွေ့ရတတ်ပီး CDMA သုံး ဖုန်းတွေမှာတော့ ရွှေသတ္ထုရောင်နဲ့တွေ့ရတယ်၊ သူ့ရဲ့ အလုပ်က
Network ရှာဖွေဖို့နဲ့ ရလာတဲ့ Network ကို ချိန်ညှိပီး အခြား သက်ဆိုင်ရာ Procesor များကို
ပေးပို့ပေးဖို့ ဖြစ်ပါတယ်၊
P.F.O
PFO ကို
Network Section ထဲက Antenna Switch နားမှာတွေ့နိုင်တယ်၊ PFO ကို P.A(Power
Amplifier) လို့လဲခေါ်တယ်၊ သူ့ရဲ့ အလုပ်ကတော့ Antenna က ရှာဖွေလို့ရလာတဲ့ Network
Frequency ကို စစ်ထုတ်ပေးတယ်၊ ချဲ့ပေးတယ်၊ ဖုန်းက သုံးတဲ့ Network ကို ရွေးချယ်ပေးတယ်၊
PFO အလုပ် လုပ်တာ မှားနေရင် (သို့) ပျက်နေရင် ဖုန်းမှာ Network ပြသနာတတ်မယ်၊ မရဖြစ်မယ်၊
PFO ပြသနာ တတ်သွားရင် ဖုန်းပျက်သွားမယ်၊
RF IC /
Hagar / Network IC
RF IC /
Hagar / Network IC ကတော့ ဖုန်းရဲ့ Network Section ထဲက PFO နားမှာ တွေ့နိုင်တဲ့
Hardware component ဖြစ်ပါတယ်၊ သူ့ကို RF signal processor လို့လဲ ခေါ်ပါတယ်၊ သူက
CUP ရဲ့ ညွန်ကြားချက် အတိုင်း အသံလှိုင်းနဲ့ ရေဒီယို လှိုင်းတွေကို ထုတ်လွင့်ခြင်း
လက်ခံခြင်းတွေကို ပြုလုပ် ပါတယ်၊ RF IC မကောင်းရင် ဖုးန်ရဲ့ Network ပြသနာတတ်ပါပီ၊
တစ်ခါတစ်လေ ဖုန်းတစ်လုံးလုံးကို အလုပ်မလုပ်တော့ပါဘူး၊
Phone 26
MHz Crystal Oscillator
MHz
Crystal Oscillator ကိုတော့ Network Section ရဲ့ PFO နားမှာတွေ့နိုင်ပါတယ်၊ သူ့ကို
Network Crystal လို့လဲခေါ်ပါတယ်၊ သတ္ထုနဲ့ ပြုလုပ်ထားတယ်၊ Network Crystal ကတော့ ဖုန်း
အထွက် Call ခေါ်တဲ့ အခါ frequency ကိုဖန်တီးပေးတယ်၊ အကယ်၍ Network Crystal မကောင်းရင်
ဖုန်း အထွက် Call မရတော့ပါဘူး၊ ဖုန်းမှာလဲ Network ရှိတော့မှာ တွေ့တော့မှာမဟုတ်တော့ပါဘူး၊
VCO
VCO ကို ဖုန်းရဲ့
Network Section ထဲက Network IC နားမှာတွေ့နိုင်ပါတယ်၊ VCO ရဲ့ အဓီက အလုပ် ကတော့ အချိန်နဲ့
နေ့စွဲတွေကို RF IC နဲ့ CPU တို့ကိုပို့ပေးပါတယ်၊ VCO က CPU ရဲ့ ညွန်ကြားချက်ကို ရယူပီး
frequency တွေကိုလဲ ဖန်တီးနိုင်ပါတယ်၊ VCO မကောင်းရင် ဖုန်း Network ပျက်မှာဖြစ်ပီး
"Call End" တို့ "Call Failed" တို့ကိုပြနေမှာပါ၊
RX
Filter
RX
Filter ကို ဖုန်းရဲ့ Network Section ထဲမှာတွေ့ပါတယ်၊ RX Filter ကတော့ ဖုန်း အ၀င်
Call တွေ လာတဲ့ အခါ မှာ ရရှိလာတဲ့ frequency တွေကို စစ်ထုတ်ပေးပါတယ်၊ အကယ်၍ RX
Filter ပြသနာ တက်ရင် ဖုန်း အ၀င် Call တွေမှာ Network ပြနာရှိလာပါမယ်၊
TX
Filter
TX
Filter ကိုလဲ Network Section မှာတွေ့နိုင်ပါတယ်၊ ဖုန်း အထွက် Call တွေအတွက်
Frequency တွေကို စစ်ထုတ်ပေးတယ်၊ သူမကောင်းရင် ဖုန်း အထွက် Call တွေမှာ ပြသနာတတ်မယ်၊
ROM
ROM ကို ဖုန်း
ရဲ့ Power Section ထဲမှာ တွေ့နိုင်ပါတယ်၊ ROM က ဖုန်းရဲ့ Operation System ကို ၀န်တင်ပေး
ပါတယ်၊ အကယ်၍ ROM မကောင်းရင် (သို့) ပြသနာ တက်ရင် ဖုန်း ဆော့ဝဲလ် ပြသနာ တတ်မှာဖြစ်ပီး
ဖုန်းရဲ့ Setting ချထားတဲ့ အစိတ်အပိုင်း တွေအားလုံး ပျက်စီးသွားမယ်၊
RAM
RAM ကိုတော့
ဖုန်းရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ RAM ရဲ့ အလုပ်ကတော့ ဖုန်းရဲ့ Operation
System ကနေ ပေးပို့သမျှ ညွန်ကြားချက်တွေကို လက်ခံရယူအလုပ်လုပ်ခြင်းနဲ့ လိုအပ်တဲ့ ညွန်ကြားချက်
တွေကို Operation System ကို ပေးပို့ခြင်းတွေကိုလုပ်ပါတယ်၊ RAM မကောင်းရင် software
ပြသနာ တတ်မှာဖြစ်ပီး ဖုန်းက မကြာခဏ ထစ်သွားတာ ထောက်သွားတာ တို့ ဘာမှမလုပ်တော့ပဲရပ်နေတာတို့
လဲ ဖြစ်တတ်ပီး ဖုန်း လုံးဝပျက်သွားတဲ့ အဆင့်အထိ လဲဖြစ်နိုင်ပါတယ်၊
Flash IC
Flash IC
ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင်တယ်၊ Flash IC ကို EEPROM IC, Memory IC,
RAM IC နဲ့ ROM IC စသဖြင့် ခေါ်ကြပါသေးတယ်၊ Flash IC ထဲမှာ ဖုန်း ဆော့ဝဲလ် တွေကို ထည့်သွင်းထား
တယ်၊ အကယ်၍ Flash IC မကောင်းရင် ဖုန်း ကောင်းကောင်း အလုပ်လုပ်မှာ မဟုတ်ပဲ လုံးဝကို
သုံးမရ အောင်ပါဖြစ်သွားနိုင်ပါတယ်၊
Power IC
Power IC
ကိုတော့ ဖုန်းတစ်လုံးရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ ဖုန်းရဲ့ Hardware ဖြစ်တဲ့
capacitor Components တွေကို Power IC ရဲ့ ပတ်ပတ်လည်မှာတွေ့နိုင်ပါတယ်၊ Power IC ရဲ့
အလုပ် က battery ကနေ power ရယူပီး ဖုန်းရဲ့ အခြား အစိတ်အပိုင်းတွေအားလုံးကို ပို့ပေးတယ်၊
အကယ်၍ Power IC မကောင်းခဲ့ရင် ဖုန်းရဲ့ အခြား Components တွေကို အားမထောက်ပံ့နိုင်တော့တဲ့
အတွက် ဖုန်း သုံးလို့ရတော့မှာ မဟုတ်တော့ဘူး၊
Charging
IC
Charging
IC ကိုတော့ ဖုန်း Power Section ရဲ့ R22 နားမှာတွေ့နိုင်ပါတယ်၊ Cahrging IC ရဲ့ အလုပ်
ကတော့ ဘယ်ထရီ အားသွင်း ကြိုးကနေ လျှပ်စစ်စီးကြောင်းကို ရယူပီးတော့ Battery ကိုအားသွင်းပေး
ပါတယ်၊ Charging IC မကောင်းရင် ဖုန်းအားသွင်း လို့ရတော့မှာ မဟုတ်ပါဘူး၊ အကယ်၍
Charging IC သာ short then the set will get dead.
RTC
RTC
(Simple Silicon Crystal) ကတော့ Real Time Clock ဖြစ်ပီး ဖုန်းရဲ့ Power Section ထဲမှာပါဝင်
ပါတယ်၊ သူ့ကို Power IC နားမှာ က RTC ထဲမှာတွေ့နိုင်ပါတယ်၊ သူ့ကို သတ္ထုနဲ့ ကော သတ္ထု
မဟုတ်တဲ့ ပစ္စည်းတွေနဲ့ ပါပြုလုပ်ထားတတ်တယ်၊ သူ့အလုပ်က ဖုန်းရဲ့ နေ့စွဲနဲ့ အချိန်တွေကို
သတ်မှတ်ပီး ရေတွက် နေဖို့ပါ၊ အကယ်၍ RTC ပြသနာတက်ရင် အချိန် နဲ့ ရက်စွဲ သတ်မှတ်ချက်တွေပါ
အလုပ်လုပ်တော့မှာ မဟုတ်တော့ပါဘူး၊ ပြသနာ အသေးလေးပဲဖြစ်မှာ မဟုတ်ပဲနဲ့ ဖုန်း လုံးဝ သုံးမရတဲ့
အထိလဲ ဖြစ်သွားနိုင် ပါတယ်၊
CPU
CPU ကို
Power Section ထဲမှာတွေ့နိုင်တယ်၊ သူ့ကို MAD IC လို့လဲခေါ်သလို RAP IC / UPP လို့လဲ
ခေါ်တယ်၊ ဖုန်း ဘုတ် (PCB) ထဲမှာ ပါသမျှ IC ထဲမှာတော့ အကြီးဆုံး IC ဖြစ်သလို အခြား
IC တွေနဲ့ သဏ္ဍန် ကွဲနေတယ်၊ သူ့အလုပ်က ဖုန်းထဲက အခြား အစိတ်အပိုင်းအားလုံးကိုထိန်းချုပ်ဖို့ပါ၊
CPU ပျက်ရင် ဖုန်းတစ်လုံးလုံး အလုပ်လုံးဝ မလုပ်တော့ပါဘူး၊
Logic IC
/ UI IC
Logic IC
/ UI IC ကိုတော့ ဖုန်းရဲ့ Network Section မှာကော Power Section မှာကော တွေ့နိုင်ပါ
တယ်၊ သူ့မှာ ပင်(pin) အခု နှစ်ဆယ်ပါရှိပါတယ်၊ သူ့ကို UI IC လို့ခေါ်သလို Interface
IC လို့လဲခေါ် ပါတယ်၊ အလုပ်ကတော့ ဖုန်းသံတို့ ၊ ဖုန်းတုန်ခါမှူတို့၊ LED မီးလုံးတို့ကို
ထိန်းချုပ်တဲ့အလုပ်ပါ၊ အကယ်၍ Logic IC/UI IC အလုပ်မလုပ်ရင်တော့ ဖုန်းသံတို့ တုန်ခါမှူတို့
LED နဲ့ ပက်သက်တဲ့ မီးတို့ ကင်မရာတို့ အလုပ်လုပ်မှာ မဟုတ်ပါဘူး၊
Audio IC
Audio IC
ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ သူ့ကို Cobba IC လို့လဲခေါ်သလို
Melody IC လို့လဲခေါ်သေးပါတယ်၊ Audio IC ရဲ့ အလုပ်ကတော့ ဖုန်း Speaker နဲ့
Microphone တို့ကိုထိန်းချုပ်ခြင်း ပါပဲ၊ Audio IC အလုပ်မလုပ်ရင် Speaker နဲ့
Microphone တို့ အလုပ်လုပ်တော့မှာ မဟုတ်တော့ဘူး၊ ဖုန်းလဲ လုံးဝ ပျက်သွားမယ်၊
မှတ်ချက်
ဖုန်းရဲ့
အခြား အစိတ်အပိုင်းတွေကို နောက်နေ့ထပ်ပီး ပြောသွားမယ်၊ ခုတော့ အကြမ်းဖျင်းပေါ့ နောက်
ပိုင်း သူတို့ကို ဘယ်လို တည်ဆောက်ကြလဲ က အစ သူတို့ကို ခိုင်းတွေမယ့် ကုတ်တွေက အဆုံး
ဖြေးဖြေး ရေးသွားမယ်၊ အကယ်၍ ဖုန်းနဲ့ ပါတ်သက်ပီး UEM လို့ပြောရင် Logic IC, Power
IC, Charging IC နဲ့ Audio IC တို့ကို ပြောတယ်ဆိုတာ သဘောပေါက်ပါ၊ PFO လို့ပြောရင်
PFO နဲ့ Antenna Switch တို့ကိုညွန်ပါတယ်၊ Flash IC ဆိုရင် RAM နဲ့ Flash IC တို့ကို
ညွန်းပါတယ်၊
ဒီပိုစ့်ကို
pdf ဖိုင် အဖြစ် ဒေါင်းလုဒ်လုပ်လို ပါက အောက်ပါ လင့်တွင်း ဒေါင်းလုပ်ရယူနိုင်ပါသည်
ref;BrighterMyanmar
brightermyanmar@gmail.com
Recommended Articles
- Reviews
Google Search Results kaw mahkawn ga si (Lyrics) ni madun ya na re ai lam.Jul 17, 2016
Google Company gaw LyricFind ngu ai company hte pawng nna Google search results kaw mahkawn laika si (lyrics) ni lu madun na matu galaw dat sai l...
- hard ware
Mung Kan Hta Speed (chyang shadang) Lawan Dik Htum Hte Storage Kaba Dik Htum Computer Hard Drive.Jul 12, 2016
Nang na Computer kaw Data ni hpe grai lawan ai hte speed lawan dik htum re ai Hard Drive hpe tam taw ai rai yang ya sha nnan pru ai Sumsung Com...
- Mobile
Grai Madang tsaw ai 16MP Camera shakap da ai Lenovo Bibe Shot Smarkphone.Mar 04, 2015
Lenovo Vibe Shot gaw Camera hpe madung dat galaw da ai Phone rai nna,Optical Image Stabillzation lawm ai 16MP Camera hpe shakap da ai hpe mu lu ai...
- Mobile
Xiaomi Mi Note မြန်မာပြည်တွင်း ဈေးကွက် သို့ဝင်ရောက်လာFeb 21, 2015
Xiaomi ၏ နောက်ဆုံးထွက် Flagship မော်ဒယ်ဖြစ်သော Mi Note ကို ပြည်တွင်းဈေးကွက် ၌ ဝယ်ယူ နိုင်ပြီ ဖြစ်ကြောင်း သိရသည်။"ဖေဖော်ဝါရ...
Post N-NNAN
♪ Music & Video ni hpe yu na matu grai hkrak ai Gold color Media Player - Poweramp Skin Black Gold v1.41 Apk ♫
POST DINGSA
♫ Free Wifi ni hpe Auto tam nna matut ya lu ai WiFi Master v0.8.32 Apk ♫
Seng ang ai ga baw
mb knowlegde,
Mobile,
Reviews
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.