Photo:Sarama Maran Ah Nan |
Twilight
over Burma flim အကြောင်းခေတ်စားချိန်
ခုလာက်တောင်
လွတ်လပ်မှုမရှိတဲ့အခ်ျန်တုံး ကချင်ဗီဒီယိုဇတ်ကားတခုအကြောင် ပြောပြချင်တယ်
. . . .
. . . . . . . . . . . . . .
1997 တုန်က
ကချင်ဇတ်ကား ''Galoi Mi She'' " ဂလွဲမီရှဲ" အဓိပ္ပါယ်က ဘယ်တော့အခါမှ'' လို့ရတယ်
ဒါကိုလည်း ကချင်စာရေးဆရာမ Shawng Htawk Tsing Pan အမည်ရင်း sayama Maran Ah Nan ကရေးတယ်ဇတ်ညွန်းလည်းသူဘဲရေးတယ်
ရန်ကုန်ကသင်းထောက်saya LL L La Bawk က ဒါရိုက်တာလုပ်တယ် ဆရာ အားနန်ကို စစ်အစိုးရ က
သူမကိုဖမ်းစီးခေါါ် သွားတယ် ခွေတွေလိုက်သိမ်းတယ် ခွေလိုက်သိမ်းမှ ပိုနာမယ်ကြီးပြီးလူတွေခိုးကြည့်ကြတယ်လေ
အဲဒီ အကြောင်းဖြစ်ရပ်မှန်ကို Htoi Journal မှာသူမကိုယ်တိုင် အခန်းဆက်ရေးနေတယ်မကြာမှီ
ဒု ပိုင်းလာမယ် ဖတ်လို့တော်တော်ကောင်းတယ် အရမ်ရင်ခုံရတယ် အခုအသက်တောတော်ကြီးပါပြီ သို့သော်အရေးအသား
ကအများကြီးထက်သေးတယ် ဗမာလိုသိပ်မရေးဖူးပေမဲ့အရမ်းကောင်းပါတယ် သူမ အကြောင်းကို လည်း
ဖော်ပြလိုက် ပါတယ်
ဆရာမ ကြီးမရန်အားနန်
ကလောင်နာမည်။
။ရှောင်ထောက်စိန်ပန် (Shawng Htawk Tsing Pan)
ကချင်အမျိုးသမီးများထဲတွင်
အလွန်ထူးခွန်ထက်မျက်သော မိခင်ကြီးဖြစ်သည်။ သူမ၏ဘ၀တွင်ကြုံတွေ့ခံစားရသော ဘ၀အခြေအနေများ
နှင့် မိမိတို့အမျိုးသမီးများ၏ ခွဲခြားဆက်ဆံခံနေရမှု များ၊ မိမိတို့ ကချင်တိုင်းရင်းသားများ၏
ဖိနှိပ်ခံနေရမှုများကို ထက်မျာက်သောကလောက်သွားနှင့် ရေးသား ဖော်ပြနိုင်သော အမျိုးသမီးဖြစ်သည်။
သူမသည်ကချင်ဝထ္ထုများ၊ ကဗျာများ၊ ဆောင်ပါးများရေးခြင်း၊ ကချင်လူမျိုးရေးဆိုင်ရာ ဗီဒီယိုဇာတ်ကားများရေးခြင်း၊ဇာတ်ညွန်းရေးခြင်း၊
သူမကိုယ်တိုင်တရုတ်ဆောင်ခြင်း များပြုလုပ်ခဲ့သည်။ မိခင် ဒေါ် လဖိုင်ဘောက်ရမ်၊ ဖခင်ဦးမရန်နော်တို့
မှ ၁၉၄၉ မေလ (၁၃) ရက်နေ့ မှာမွေးဖွားခဲ့တယ်၊ မွေးချင်း (၉) ဦးရှိတယ်၊ ပညာအရည်အချင်း
BA (History)၊ M.Div (Master of Divinity on Theological from MIT-Insein) ၁၉၇၅ မှာအိမ်ထောင်ပြုခဲ့တယ်၊
သားသမီး (၃)ဦးထွန်းကားပြီးနောက် ၁၉၈၀ မှာခင်ပွန်းဆုံးသွားတယ် ယနေ့အထိအိမ်ထောင်ထပ်မပြုတော့ဘဲ
မုဆိုးမဘ၀ကို ၃၆ နှစ်တိုင်ဖြတ်သန်းလာခဲ့တယ်။
အစိုးရပညာရေးကျောင်းဆရာမအလုပ် ဗန်းမော်မှာကို
(၂၂) နှစ်တိုင်တိုင်လုပ်ဆောင်ခဲ့တယ်၊ ခရစ်ယာန်ဓမဆရာမအမှုဆောင်ခြင်းကို (၉) နှစ်ထိန်နိုင်ကချင်နှစ်ခြင်းအသင်းချုပ်မှာ
အမျိုးသမိးတာဝန်ခံ နှင့် စာပေရေးရာဌာနတာဝန်ခံကို လုပ်ဆောင်ခဲ့တယ်၊ ၂၀၀၇ ဇန်န၀ါရီ (၂)
ရက်မှစ၍ ကချင်အမျိုးသားရေးကို ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ဖို့အလို့ငှါ လိုင်ဇာမြို့သို့
ရွေ့ပြောင်းနေထိုင်ကာ စာအုပ်စာပေရေးသားထုတ်ဝေခြင်းလုပ်ငန်း ကိုလုပ်ဆောင်ခဲ့ တယ်။ စာရေးဆရာမဖြစ်သလိုရေးသားပြုစုနိုင်ခဲ့သော
အထ္ထုပတ္တိ များ မှာ ကချင်ခေါင်းဆောင် မရန်ဘရန်ဆိုင်း ၏အထ္ထုပတိ နှင့် မိမိ ၏ အကြောင်း
ရေးသားပြုစုပြီး ထုတ်လုပ်ထားပြီဖြစ်သည်။ ကချင်အမျိုးသမီးမဂ္ဂဇင်းများ အတွဲ (၁)၊ အတွဲ
(၂)၊ အတွဲ (၃) တို့ကို ဦးဆောင် ရေးသာထုတ်လုပ်နိုင်ခဲ့သည်။ ကချင်ပြည်နယ် အမျိုးသမီးများအဖွဲ့ချုပ်ကော်မတီ
မှတာဝန်ပေးအပ်မှုကြောင့် “စကား စတင်ပြောဆိုမှုနည်းပရိယာယ်” စာအုပ်ကိုရေးသားထုတ်ဝေထားပြီဖြစ်
သည်။ ကချင်လို ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းရာချီရေးသားခဲ့တယ် ယနေ့ထိတိုင် ဝတ္ထုတိုပေါင်း
ချုပ်စာအုပ်အတွဲ (၁) နှင့် (၂) ကို ရေးသားပြုစုနိုင်ခဲ့သည်။ ဆက်လက်စုဆောင်း နေလျက်ရှိ
သည်။ ခရစ်ယာန်သမ္မာကျမ်းစာမှ မေးခွန်းတစ်ရာ စာအုပ် အတွဲ (၁)၊ (၂)၊ (၃) ကို ရေးသား ပြုစုနိုင်ခဲ့သည်။
အတွဲ (၁၀) အထိရေးသာရန်ရည်ရွယ်ထားသည်။ အရင်းအနှီးအခက် အခဲများကြောင့်ဆက်လက်မရေး သားနိုင်ခဲ့ခြင်းဖြစ်သည်။
ဆောင်းပါး (Article) များဖြစ်သော နိုင်ငံရေးရာ၊ ကချင်အမျိုးသားရေးရာ များ၊ ပညာပေးစာမူများ၊
အမြင်ဖွင့်သတင်းပေးမှုဆိုင်ရာ စာမူများ ၁၅ ခုထက်မက ရေးသား ပြုစုနိုင်ခဲ့သည်။
ကဗျာအလင်္ဂါများကိုလဲ
ရေးသားခဲ့သည်၊ နိုင်ငံရေး၊ ကချင်အမျိုးသားရေး၊ ကချင် အ မျိုးချစ်စိတ်ဓါတ်မြင့်တင်ရေး
သွန်သင် နိုးဆိုတိုက်တွန်း ခြင်းနှင့်ဆိုင်သော ကချင်ဘာသာ၊ မြန်မာဘာသာ ဖြင့် ခေါင်းစဉ်
၅၆၀ ထက် မကရေးသားပြုစုနိုင်ခဲ့သည်။ ကေအိုင် အို သမိုင်းအစစ်ကိုဝထ္ထုရှည်ရေးနည်း နှင့်
အမျိုးသမီး ရှုတောင့်အမြင်ဖြင့် ခေါင်းစဉ် (၂) မျိုးအထိရေးသားထားပြီးပြီဖြစ်သည်။ ထိုင်းအခြေစိုက်
ကချင်အမျိုးသမီးအဖွဲ့ မှဦးဆောင်ခြင်းဖြင့် လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးပညာပေး ရုပ်ပြကာတွန်း
(၃) အုပ်ကိုလဲ ရေးသားပြုစုနိုင်ခဲ့သည်။ စာအုပ်ပေါင်း (၁၀) အုပ်ရေးသားပြုစုနိုင်ခဲ့ပြီ။
၎င်းရေးသားခဲ့သော ဗီဒီယို ဗိဒီယိုဇာတ်လမ်း နှင့် ဇာတ်ညွန်းများထဲမှ အုပ်ရေ (၆) ခုကိုရိုက်ကူးနိုင်ခဲ့သည်။
၁၉၉၆-၉၇ ခုနှစ်တွင် ရေးခဲ့သော “Galoi Mi She” ဟူသောကချင်အမျိုးသားရေးနှင့်ဆိုင်သော
ဗီဒီယိုဇာတ်လမ်းမှာမူ မိမိကိုယ် တိုင်ဝထ္ထု နှင့်ဇာတ်ညွန်း သည်သာမက မိမိကိုယ် တိုင်လိုအပ်လာသည့်လျောက်
သရုပ်ဆောင် ပါဝင်မှုပင်ပြုလိုက် သည်။ ၄င်း ဗီဒီယိုဇာတ်လမ်းကို ရေးသား၊ ရိုက်ကူး၊ ဖြန့်ချီ၊
ပြသမှု ကြောင့် နိုင်ငံတော်အစိုး ရပင် လျင်လာရောက်ဖမ်းဆီးအရေးယူခြင်းခံရကာ ထောင်ဒဏ်
(၅) နှစ် ချမည့် အမှု ကို 3 လနှင့် လွတ်ခြိမ်းချမ်းသာခွင့်ကိုရရှိခဲ့သည်။
ယခုအခါကချင်ပြည်နယ်
ကချင်အမျိုးသမီးအဖွဲ့ချုပ်ကော်မတီ(KIWA) ၏ သတင်း နှင့်မီဒီယာတာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်နေသည်။
KIWAမှတာဝန်ပေး အပ်သော ကချင်တော်လှန်ရေးခေတ်၌ထူးချွန်ထက်မြက်ခဲ့သော ကချင်စစ်အမျိုးသမီး
စစ် ဗိုလ် များ၊ စစ်သမီးများ နှင် KIWA အမှုဆောင်ကချင်အမျိုး သမီခေါင်းဆောင်များ ၏သမိုင်း
များကို ဆက်လက်ရေးသားပြုစုလျက်ရှိသည်။ ငယ်ငယ်က ၀ါဒနာပါခဲ့သော စာပေနှင့်ဆိုင်ပြီး၊ မည်သူတစ်ဦးတစ်ယောက်ဆီမှ
ချီးမြင့် ခြင်းကိုမခံရခဲ့ပါ သော်လဲ၊ ဗမာစစ်အစိုးရများသည် ကျမအမျိုးသမီးကြီးကို အလွန်အ
ထင်ကြီးကြောက်လန့်စိုးရိမ်သောကြောင့် အမှောင်ခန်း ထောင်ထဲမှာချုပ်နှောင်ထား ခြင်းကို
သမိုင်းဝင်အဖြစ် ချီးမြင့်မှုတစ်ခုအနေနှင့် တသက်လုံးဂုဏ်ယူလျက် စိတ်ကျေ နပ်နေပါသည်။
စာပေနှင်ပါတ်သက်ပြီး ဟောပြောပွဲများကို (၁၀) ကြိမ်ထက်မက ဟောပြောခဲ့သည်။
Nang Pu