သတင်းအစုံဖတ်နိုင်ရန် Wunzup News Blog သို့သွားပါ👇👇

Ad 300x250

Breaking

11 December, 2017

Christmas Meal for IDPs (Internally Displaced Persons) စစ်ဘေးရှောင် ပြည်သူများအတွက် ခရစ္စမတ် ထမင်းတစ်နပ်


ရည်ရွယ်ချက်။ ။ စစ်ဘေးရှောင်ပြည်သူများအား ယေရှုခရစ်မွေးဖွားလာခြင်း အထိမ်းအမှတ် မေတ္တာ လက်ဆောင် (ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ချစ်ခြင်း) ဝေမျှနိုင်ရန်။

နောက်ခံအကြောင်းအရာ။ ။ ယခုနှစ် ဒီဇင်ဘာလသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ပြည်တွင်းစစ် ပြန်လည်စတင် ဖြစ်ပွားခဲ့သည်မှာ ခြောက်နှစ်ခွဲ ကာလသို့ရောက်ရှိပြီ ဖြစ်ပါသည်။ 

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ )၊ တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် အစရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ပဋိပက္ခများကြောင့် ဒေသခံ ပြည်သူ များ ၁၂၀,၀၀၀ ကျော်ခန့်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင်စခန်း စုစုပေါင်း (၁၆၇) ခု သို့ ရွှေ့ပြောင်း နေထိုင်ကြရပါသည်။ ယခုနှစ် နောက်ပိုင်းတွင် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ အပါအဝင် များစွာသော ငြိမ်းချမ်းရေးစကားဝိုင်းများကို ကျင်းပခဲ့သော်လည်း ထိုငြိမ်းချမ်းရေးဆွေးနွေးမှုများက စစ်ဘေးရှောင်ပြည်သူများ နေရပ်သို့ပြန်ရန် လုံခြုံမှု မပေးနိုင်ရုံသာမက စစ်ဘေးရှောင်စခန်းများတွင် လူနေမှုအခြေအနေ တိုးတက်ရန်ပင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပါ။ ထိုနေရာ ဒေသများတွင် ထိုးစစ်ဆင်ခြင်း၊ တပ်များ တိုးမြင့်ချထားခြင်းကြောင့် အချို့သော စစ်ဘေးရှောင်စခန်းများကို အခြားနေရာဒေသများသို့ ထပ်မံရွှေ့ပြောင်းခံခဲ့ရပါသည် ။ လူသားချင်းစာနာထောက်ထားမှု အထောက်အ ပံ့များ လျော့နည်းလာခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူများ၏ လူနေမှု ဂုဏ်သိက္ခာနှင့် ၎င်းတို့၏ အခြေခံလိုအပ်ချက်များဖြစ်သော အမိုးအကာလုံခြုံမှုနှင့်  အစားသောက် ဖူလုံမှုများ နည်းပါလာပါသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် နေထိုင်သူအများစုမှာ ခရစ်ယာန်များဖြစ်ကြသဖြင့် ခရစ်စ္စမတ် အချိန်အခါသည် ၎င်းတို့အတွက် အလွန်အရေးပါသော ပွဲတော်တစ်ခုပင်ဖြစ်ပါသည်။ ထိုအချိန်ကာလသည် ခရစ်တော်မွေးဖွားလာခြင်းကို မိသားစုများနှင့် အသင်းအဖွဲ့များ စုပေါင်းကျင်းပသည့် အချိန်ကာလဖြစ်ပါသည်။ ဤအချိန်ကာလတွင် မိသားစုများနှင့် ဆွေမျိုးများ အတူအကွချက်ပြုတ်ခြင်းနှင့် မိမိတို့လယ်ယာများမှ ရိတ်သိမ်း ရရှိထားသည်များကို ဝေမျှကြသည့် အချိန်ကာလလည်းဖြစ်ပါသည်။ ဝမ်းနည်းစရာကောင်းစွာပင် ထို စစ်ဘေး ရှောင်များက ဤကဲ့သို့အဖိုးတန် အချိန်အခါသမယအား မကျင်းပရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပါ သည်။ ၎င်းတို့ နေအိမ်များ ဖျက်ဆီးခံရခြင်း၊ မိမိတို့ချစ်ခင်ရသူများ အသတ်ခံခဲ့ရခြင်း၊ မှဒိန်းမှုများ၊ နှိပ်စက်ညှင်းပမ်းခံရခြင်းနှင့် အခြားအမျိုးမျိုးသော ကံမကောင်း၊ အကြောင်းမလှခြင်းများ ဖြစ်ခဲ့ရသည့်တွက် ခရစ်စ္စမတ်မှာ ဝမ်းနည်းပူဆွေးစရာဖြစ်လာပါသည်။

ထို့ကြောင့် မိတ်ဆွေများအား ဤကဲ့သို့သောနေ့ထူးနေ့မြတ်တွင် သင်တို့၏ ခရစ်စ္စမတ် လက်ဆောင်များကို မျှဝေရန် ဖိတ်ခေါ်လိုပါသည်။ ကျွန်ုပ်တို့၏ ထည့်ဝင်ခြင်းများမှ တဆင့် ၎င်းတို့၏ ပူဆွေးဝမ်းနည်းမှုများကို သတိတရ မျှဝေခံစားကြပါစို့။ ကျွန်ုပ်တို့၏ အနည်းငယ်သော ထည့်ဝင်ခြင်းများဖြင့် ဤကဲ့သို့သော နေ့ထူးနေ့မြတ်တွင် ၎င်းတို့ကို ကျွန်ုပ်တို့သတိတရရှိကြောင်း အမှတ်ရစေမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသရန် ဖိတ်ခေါ်လိုပါသည်။

သင်ဘာလုပ်နိုင်ပါသလဲ?
တစ်ဦး အတွက် တစ်နပ်စာ မြန်မာကျပ် ၁၀၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ လှူဒါန်းနိုင်ပါသည်။
မည်ကဲ့သို့လှူဒါန်းနိုင်မည်နည်း?
၁။ အလှူငွေလက်ခံဖြတ်ပိုင်းပေါ်တွင် လက်မှတ်ထိုးခြင်းအားဖြင့်သော်လည်းကောင်း၊
၂။ ဖော်ပြထားသော ဘဏ်စရင်းသို့အလှူငွေလွှဲပေးခြင်းအားဖြင့်သော်လည်းကောင်း၊
၃။ ကချင် ငြိမ်းချမ်းရေးကွန်ယက်သို့ဆက်သွယ်ခြင်းအားဖြင့်သော်လည်းကောင်း၊
ဆက်သွယ်ရန်။ Concern, Care and Contribute to IDPs NOW
လိပ်စာ။ အမှတ် ၂၂၊ ၃လွှာ၊ ကြံခင်းလမ်း၊ ရန်ကုန်၊ မြန်မာ။
အီးမေးလ်။ cccforidps@gmail.com
Phone:+95 94211 16 714, 09 2562 40 990, 09 2500 82 779, 09 9723 43 050
Bank:AYA Bank
Number: 0144202010010523
Holder’s name: Daw Zin Zin Kyaw + 1