သတင်းအစုံဖတ်နိုင်ရန် Wunzup News Blog သို့သွားပါ👇👇

Ad 300x250

Breaking

10 August, 2018

လုယက်မှု ပြသာနာ ( ၁ )

 လုယက်မှု ပြသာနာ ( ၁ ) 

မြစ်ကြီးနားက အသက်မပြည့်သေးတဲ့ကချင်လူငယ်လေးတွေ လုယက်မှု ပြသနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ အမြင်ကနေ ဆွေးနွေးဖို့ဖြစ်တယ်..ကျွန်တော် တင်ပြခဲ့တဲ့ အချက်၂ချက်ထဲ က ??? 
ပထမ အချက် 

ကချင် IDPများ အရေး ရေသောက်မြစ်ပြသနာ ဖြေရှင်းရန် ဖြစ်တယ်.. ပထမဦးစွာ ဘေးထွက်ဆိုးကျိုး အကြီးကြီး ရှိပြီ 
ဆိုတာ သေသေချာချာ လေးလေးနက်နက် လက်ခံဖို့လိုတယ်..ပင်မအကြောင်းရင်း သိရင် ??? ဖြေရှင်းရန်နည်းလမ်း ရှာပါမယ်..နည်းလမ်းရ ရင် လုပ်ပါမယ်,ပင်မအကြောင်းရင်း,ကချင်တွေရဲ့ ရေသောက်မြစ် ပျောက်ဆုံးခြင်း rootless ဖြစ်ခြင်းဖြစ်ပါတယ်..2011 ဇွန်လ ၉ရက်က စလိုက်တဲ့ တစ်ကျော့ပြန်ကချင်စစ်ပွဲ ဟာ ခုဆို ၈နှစ်တိုင်ရောက်လာနေပြီ ဖြစ်တယ်..KIO နဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ပွဲကြာလာတာနဲ့အမျှ IDP အရေအတွက်ဟာ တိုးသထက်တိုးလာပြီ ဖြစ်တယ်,ဒါဟာ ကချင်တို့ရဲ့ နေရပ်က စွန့်ခွာ အနာဂတ်ပျောက်ဆုံးခြင်း ဖြစ်တယ်..ဘယ်လောက်တောင်များလာသလဲ ဆိုတော့ ??၂၀၁၈ ဧပြီလ တနိုင်းစစ်ပွဲ မတိုင်ခင်အထိ Government Control area ရော Non Government Control Area ရော စခန်းပေါင်း ၁၆၄ ခုရှိပြီး လူဦးရေ ကချင်ပြည်နယ်မှာ 90829 ယောက်နဲ့ ရှမ်းမြောက်မှာ 9435 ယောက် စုစုပေါင်း  100264 ယောက်ဖြစ်ပါတယ်, ဒါဟာ??? 2014 သန်းကောင်စာရင်းအရ ကချင်လူဦးရေ ၆သိန်းခွဲ ရဲ့ ၆ပုံ၁ပုံ ဖြစ်နေတာဟာ ထိတ်လန့်စရာ စာရင်း ဖြစ်နေပါတယ်,။ 

IDP စာရင်းဟာ ထပ်တိုးနေအုံးမှာ အသေအချာပါ,ဒီအဖြစ်ဟာ ကချင်တွေရဲ့ ပညာရေး စီးပွားရေး လူမှု ရေး တဖြည်းဖြည်း ကျဆုံးစေတဲ့အရာဆိုတာ အားလုံးအသိပါ ဒါပေမဲ့ ထိရောက်တဲ့ ဆောင်ရွက်ချက် တွေ မလုပ်နိုင်သေးပါဘူး..IDP တွေ ကူညီရေးဟာ ဖြစ်စဉ် ၃ခုရှိပါတယ်.Rescue ကူညီ ကယ်ဆယ်ရေး Return နေရပ်ပြန်ရေး Resettelment ပြန်လည်ထူထောင်ရေး တို့ပဲ ဖြစ်ရာမှာ ကချင် IDP တွေအတွက် လောလောဆယ်ကချင်ပြည်သူတွေ လုပ်ပေးနိုင်တာက rescue တစ်ခုတည်းဖြစ်နေပါတယ်..ဒီတော့ ဘယ်လောက်များကူနိုင်အုံးမလဲ??? ဘယ်လောက်ကြာကြာလဲ???ြ ကာတော့ ကချင်လူထုလည်း လက်ပမ်းကျနေပြီဖြစ်တယ်.. ဘယ်လို ဆောင်ရွက်ပေးဖို့သင့်သလဲ???? ကျွန်တော်တို့ ကချင်လူထုကြားမှာ သတိမေ့လျော့နေတာ တစ်ခုရှိပါတယ်.. ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်တာဆိုလို့ ပြည်ထောင်စု လူကယ်ပြန် ဝန်ကြီးဌါနဖြစ်ပါတယ်..အဲဒါကို တောင်းဆိုဖို့ပါပဲ..နိုင်ငံရေး conflict ကြောင့် ဖြစ်တဲ့ စစ်ပွဲကြောင့် ပေါ်ပေါက်လာတဲ့ IDP တွေဟာ ပြည်ထောင်စုအစိုးရအပေါ်မှာ လုံးဝတာဝန်ရှိနေပါတယ်..လူထုမဲပေး တင်မြှောက်ထားတဲ့ အစိုးရနဲ့ လွှတ်တော်ရှိနေပါတယ်.. သူတို့ဟာ လူထုအသံကို လစ်လျူ ရှုလို့မရပါဘူးး..ဒီ နိုင်ငံရေးအခွင့်အရေးကို အသုံးချဖို့လိုပါတယ်. ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၆၇, ၇၆ အရသော်၎င်းပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ၂၃ , ၂၄, ၂၅ အရ သော်၎င်း..IDP များ အထူးကာကွယ်စောင့်ရှောက်ရေး ကော်မတီတစ်ရပ် ကချင်ပြည်နယ်လွှတ်တော်မှာ ဖွဲ့စည်းဆောင်ရွကခွင့်ရှိပါတယ်..

  အဲဒီကော်မတီကနေ လူကယ်ပြန် ဝန်ကြီးဌါနကိုသော်၎င်း ကချင်ပြည်နယ်အစိုးရကိုသော်၎င်း ထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင်ပါတယ်.. ဒါဆိုရင် အစိုးရအလုပ်ကိုယ်စား ဝင်ရောက်တာဝန်ယူနေရတဲ့ ကချင်လူထု တာဝန်ပေါ့သွားမှာဖြစ်သလို စနစ်ကျပြီး ကျယ်ပြန့်တဲ့ လူမှု ဝန်ထမ်းအစီအစဉ်များ ခံစားရမှာ ဖြစ်တယ်..Rescue အပိုင်းကို ထိရောက်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်သလို Return ပိုင်းမှာလည်း ရသလောက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်..ဒီကိစ္စအတွက် ကျွန်တော်တို့ တော်တော်ကြိုးပမ်းခဲ့ပါတယ်.ကချင် ၄ပါတီ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီမှု ရခဲ့ပေမဲ့ ရှေ့ဆက် မတိုးနိုင်ခဲ့ပါ..ထို့အတူ မြစ်ကြီးနားလူမှု အဖွဲ့အစည်း CSO အချို့ ရှေ့နေများအဖွဲ့တွေနဲ့လည်း သေချာ တိုင်ပင်ခဲ့ဘူးပါတယ်..လုပ်မယ်လို့ ဆန္ဒများရှိခဲ့ပေမဲ့ လက်တွေ့မှာ စပြီး မလုပ်နိုင်ခဲ့ပါ,အလုပ်ကို ဖိဖိစီးစီး လုပ်လိုစိတ်မရှိသေးတယ်လို့ပဲ ကောက်ချက်ချပါတယ်..ဒီကိစ္စဟာ တစ်ဖွဲ့တည်း လုပ်တာထက် အများစု mandate နဲ့ ဆောင်ရွက်မှသာ အောင်မြင်တာမို့ ကျွန်တော်တို့ မိတ်ဖက်အဖွဲ့များ ရှာဖွေနေဆဲ ပဲ ဖြစ်ပါတယ်..

ကချင်ပြည်သူတို့အနေနဲ့ နည်းလမ်းရှိပြီ ,!!ကျယ်ကျယ်ပြန့်ပြန့်လည်း လုပ်နိုင်ဖို့ ရှိပြီ ဆိုရင်???ဒီလို လုယက်မှု ဆိုးကျိုးများကို အမြန်ဆုံးရပ်တန့်ဖို့ အားထုတ်ရတော့မှာဖြစ်ပါတယ်..အပြုသဘော ဆွေးနွေးချက်များ အများသုံးသပ်ရင် ဒီထက်အောင်မြင်နိုင်ပါတယ်..

No comments:

Post a Comment

N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.