သတင်းအစုံဖတ်နိုင်ရန် Wunzup News Blog သို့သွားပါ👇👇

Ad 300x250

Breaking

10 August, 2018

လုယက်မှု ပြသာနာ ( ၂ )

                                                       လုယက်မှု ပြသာနာ ( ၂ ) 


မြစ်ကြီးနားက ကချင်လူငယ် လေးတွေ လုယက်မှု ပြသနာကို အဖြေရှာရန် ဖြစ်တယ်.. ကျွန်တော် တင်ပြတဲ့ ၂ချက်ထဲက
ဒုတိယအချက်ဖြစ်တဲ့ သယံဇာတ စီးပွားရေးမှီခိုမှု ကနေ ကူးသန်းရောင်းဝယ်မှု စီးပွားရေးကို ကူးပြောင်းဖို့ ဖြစ်တယ်။

သယံဇာတ စီးပွားရေးမှီခိုမှု ဂယက်များ!! ကချင်မှာ ကျောက်စိမ်း ရွှေ နဲ့ ပယင်းထွက်တယ်.. သစ်တောထွက်သယံဇာတ လည်းပေါတယ်. ဒါပေမဲ့ အဓိကက အထက်က ၃မျိုးပဲ..ကျောက်စိမ်းနဲ့ရွှေက ခေတ်အဆက်ဆက်က လုပ်ခဲ့ပြီး ပယင်းက သိပ်မကြာသေးဘူး.ကချင်တွေရဲ့ စီးပွားရေး ၈၀% အဲဒီအပေါ်မှိခိုနေတယ်.နည်းပညာမလိုဘူး.ကိုယ့်ဟာကိုယ် တပိုင်တနိုင် တူးရုံနဲ့ လောပန်းဖြစ်တယ်..မှောထဲ တစ်ရာသီ တက်ရင် ဘာပဲ ဖြစ်ဖြစ် ခါးလှ ဝမ်းဝတယ်..ဒါကြောင့် ကချင်ယောကျားင်္လေးတိုင်း အရွယ်ရောက်တာနဲ့ မှော်ထဲပဲ,အဲဒီရဲ့ ဆွဲဆောင်မှုဟာ ??ပညာကို လူလူသူသူမသင်တော့ဘူး.ပညာတတ် အလွန်ရှားလာတယ်. professional သမား မရှိသလောက်ဖြစ်လာတယ်.ငွေကို အလွယ်ရှာရတယ်ထင်လာတယ်.မီးကို တိုးတဲ့ ပိုးဖလံတွေ များလာတယ်..ငွေသာ အရာရာ ဆုံးဖြတ်တယ်မြင်လာပြီး အခြားလောကီကိစ္စတွေမှာ အားနည်းလာတယ်. နှစ်ပေါင်း ၄၀ လောက်ကြာတော့  လူမျိုးတစ်မျိုးရဲ့ ဘက်စုံ ဖွံ့ဖြိုးမှု ဟာ မတွေ့ရသလောက်ဖြစ်သွားတယ်..အပစ်ရပ် ၁၉၉၄နောက်ပိုင်း ကုပ္မဏီ ကြီးတွေ ဝင်လာပြီးနောက်ပိုင်း ကချင်တို့ရဲ့ ရွှေအိမ်မက်တွေ ပျောက်ဆုံးကုန်တယ်.တရုတ်OBOR ရဲ့ 6th coridor BICM ဟာ ကချင်လီဒိုကို ဗဟိုပြုလာတဲ့အခါ ???တနိုင်းစစ်ပွဲဖြစ်လာတယ်.ရွှေနဲ့ ပယင်းအိမ်မက်လည်း ပျောက်သွားတယ်..ဒီတော့ အရင်ခေတ် တလျှောက်လုံး အလွယ်ရှာရတဲ့ ကျောက်စိမ်း ပယင်း ရွှေ ၃ခုလုံး မရတော့တဲ့အခါ ငွေသုံးကြီးခဲ့တဲ့ စရိုက်ပဲ ကချင်တို့လက်ထဲ ကျန်ခဲ့တယ်..အဲဒါဟာ ???ဒီနေ့ ကချင်ကလေးတွေရဲ့ အခြေခံ အကြောင်းရင်းပဲ!!ဒီတော့ !! ဒီပြသနာကို ဘယ်လို ဖြေရှင်းမလဲ??? ဖြေရှင်းရန် ၂ချက်ရှိတယ်မြင်ပါတယ်။

ပထမ , ကချင်တို့ရဲ့ ကျောက်စိမ်းလုပ်ငန်းကို စနစ်တကျ ပါဝင် လုပ်ကိုင်နိုင်အောင် ဥပဒေအရ ပြုပြင် ဖေါ်ဆောင်ပေးဖို့လိုမယ်.၂၀၁၇ ကျောက်မျက်ဥပဒေကို ပြင်ဆင် ဖို့ အထူးကြိုးစားရမယ်.. လက်လုက်လက်စားနဲ့ အသေးစားလုပ်ကွက်များကို အမြန်ချထားပေးဖို့လိုမယ်.တရားဝင်လုပ်နိုင်အောင် ပြဌါန်းပေးရမယ်.ဒီအတွက် ကျွန်တော်တို့ ဆက်တိုက်ကြိုးပမ်းခဲ့ရာမှာ တော်တော်တော့ ခရီးတာရောက်ခဲ့ပြီဖြစ်တယ်.ဥပဒေအမြန်ထွက်နိုင်အောင် ကချင်လူထုတရပ်လုံး တိုက်တွန်းရမယ်..
ကျောက်မျက်ပြပွဲတွေ မြစ်ကြီးနားမှာ ပြနိုင်အောင် ဖန်တည်းရမယ်ကျောက်မျက်အရိုင်းကို ပြည်ပတိုက်ရိုက်ရောင်းချမှု ကန့်သတ်ရမယ်။

ဒုတိယ!!!သယံဇာတ စီးပွားရေးမှ ကူးသန်းရောင်းဝယ်မှု စီးပွားရေးကို အမြန်ဆုံးပြောင်းရမယ်.ဒါကတော့ ပြည်သူက အမြင်ပွင့်ဖို့လိုမယ်.ပြည်နယါအတွင်း အကွက်အကွင်းကျရာဒေသတွေမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တွေ ဆောင်ရွက်နိုင်အောင်ပြင်ဆင်ရမယ်.စီးပွားရေးဇုန်တွေ ထူထောင်ရမယ်,စာချုပ်သဘောတူညီချက်တွေ လူထုအတွက် ပြင်ဆင်ပြီး ကောင်းမွန်ရင် မည်သည့်နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မဆို လုပ်သင့်တယ်. လောလောဆယ် နန်ကျင်စီးပွားရေးဇုန် လုပ်ဖို့ရှိတယ်.စာချုပ်သဘောတူညီချက် ကောင်းမွန်ရင် လုပ်ရမှာ ဖြစ်တယ်.ငွေရင်းတတ်နိုင်သူများအစုရှယ်ယာပါဝင်ထားသင့်တယ်..ကချင်တို့ရဲ့ စီးပွားရေးကို ကူးသန်းရောင်းဝယ်မှု ဘက် ပြောင်းရမယ်..တစ်ဆင့်ခြင်း အစုအဖွဲ့အလိုက် ရိုးသားကြိုးစားမှ အောင်မြင်နိုင်သော အခြေခံ အလေ့အထကောင်းတွေ ရလာမယ်..ဒီလုပ်ငန်းတွေက စာရိတ္တခိုင်မာမှု အပေါ် အခြေခံလေ့ရှိတာကြောင့် ????ခုလို အလွယ် လုယက်မှု မျိုးဟာ ပပျောက်သွားနိုင်မယ်..ကျွန်တော်တင်ပြတဲ့အချက်တွေဟာ အနှစ် ၂၀ လောက် သေချာ ကြိုးစားရအုံးမယ်.စိတ်ရှည်ဖို့တော့လိုမယ်ခုကတည်းက တက်ညီလက်ညီ ကြိုးစားဖို့တော့ ပြောချင်ပါတယ်။

No comments:

Post a Comment

N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.