သတင်းအစုံဖတ်နိုင်ရန် Wunzup News Blog သို့သွားပါ👇👇

Ad 300x250

Breaking

09 September, 2018

၃၅ကြိမ်မြောက် အလမ်ဆုတောင်းပြည့်ကားတိုင်တောင်ပွဲ ၃ ရက် ကျင်းပမည်



ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ ၃၅ ကြိမ်မြောက် အလမ်ဆုတောင်းပြည့်ကားတိုင်တောင်ပွဲကို မြစ်ကြီးနားမြို့နယ်ရှိ အလမ်ကားတိုင်တောင်၌ စက်တင်ဘာ ၁၄နှင့်၁၅ နှစ်ရက်သာကျင်းပသွားမည်ဖြစ်ကြောင်း ယင်းအစီအစဉ်၏တာဝန်ခံ ဆရာပေါလ် တူးရော်ကပြောသည်။

“ကားတိုင်ပွဲကို တစ်ကမ္ဘာလုံးအတွက် စက်တင်ဘာလ ၁၄ ရက်နေ့ကို ပုပ်ရဟန်းမင်းကြီးကသတ်မှတ် ပေးထားတယ်၊ လက်ဝါးကားတိုင်ကို ဂုဏ်ပြုတဲ့ရက်ပေါ့၊ မြစ်ကြီးနားသာသနာအကုန်လုံးအတွက် နှစ်စဉ်ကျင်းပလျက်ရှိပါတယ်၊ အထူးသဖြင့်ကတော့ ငြိမ်းချမ်းရေးနဲ့ ကျန်းမာခြင်းအတွက် ရည်ရွယ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပွဲတော်အစီအစဉ်ကို ယခုလ ၁၃ ရက်နေ့ ညနေတွင် အလမ်ကားတိုင်တောင်ခြေရှိ ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်း၍ ဖွင့်ပွဲပြုလုပ်မည်ဖြစ်ပြီး ၁၄ ရက်နေ့တွင် မီဆာတရားတော်ကို တောင်ထိပ် တောင်ခြေ တစ်ချိန်တည်းသုံးကြိမ်ပြုလုပ်မည်ဖြစ်ကြောင်း ဆရာပေါလ်တူးရော်ကပြောသည်။

နှစ်ရက်သာကားတိုင်ပွဲတော်ရက်အတွင်း လာရောက်ပါဝင်သူများအနေဖြင့် ဗျောက်အိုးဖေါက်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ လူမျိုးရေးဘာသာရေး ပြောဆိုငြင်းခုံခြင်း၊ ပတ်ဝန်းကျင်မှ ဝါးမြစ်များ ချိုးယူခြင်းများကို ပွဲတော်ကော်မတီမှ တားမြစ်ထားကြောင်းသိရသည်။

အဆိုပါပွဲတော်ရက်များတွင် ကက်သလစ်ဘာသာဝင်များက တောင်ထိပ်သို့ ခြေလျှင်တက်ရောက်ကာ ဆုတောင်းပွဲကိုနှစ်စဉ်ကျင်းပလျှက်ရှိကြောင်း၊ အလမ်ကားတိုင်တောင်သည် ပေပေါင်းနှစ်ထောင်ကျော်ရှိပြီး မြစ်ကြီးနားမြို့မှ ၂၄ကီလိုမီတာအကွာတွင်ရှိကြောင်းသိရသည်။

Kachinwave

No comments:

Post a Comment

N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.