သတင်းအစုံဖတ်နိုင်ရန် Wunzup News Blog သို့သွားပါ👇👇

Ad 300x250

Breaking

29 October, 2018

ဦးကွမ်ဂေါင်အောင်ခမ်း ဆိုတာ ဘယ်လိုလူမျိုးလဲ



လာမည့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မည့် Kachin Democratic Party မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကွမ်ဂေါင်အောင်ခမ်း ရဲ့အတွေးအ မြင် စိတ်နေစိတ်ထားများကို စာရေးသူ Leonard က အခုလိုရေးသားဖော်ပြထားပါသည်။

ဦးကွမ်ဂေါင်အောင်ခမ်း က ဒီမိုကရက်တစ်ဆန်တယ် ။ လေးစားထိုက်တဲ့ ခေါင်းဆောင်တွေနဲ့ လူကြီးသူမတွေကို သိသူ ဖြစ်တယ် ။ ပေးဆပ်မှုရှိတယ် ။ ကချင်ပြည်မှာ ဒီမိုကရေစီ ပြန်ရှင်သန်လာဖို့ အတွက် စိတ်အားထက်သန်မှု အပြည့်ရှိသူဖြစ်တယ် ။

�လူငယ်တွေ အများကြီးကို လက်တွေ့ လုပ်ဆောင်မှု လမ်းကြောင်းပေါ်ရောက်အောင် လုပ်ပေးနိုင်ခဲ့သူဖြစ်တယ်။ လူငယ်တွေအပေါ် မယုံကြည်မှု ဆိုတာထက် ၊ လက်တွဲခေါ်ခြင်းနဲ့အတူ သူတို့ ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို ကိုယ်တိုင် ဖေါ်ထုတ်တတ်လာအောင် လမ်းကြောင်းပေးခဲ့သူလဲ ဖြစ်တယ် ။

�လူထုအပေါ် ယုံကြည်လေးစားမှု ပြင်းပြတယ် ။ အထူးသဖြင့် ဆယ်စုနှစ်များစွာ ဖိနှိပ်ချုပ်ချယ်ခံဘ၀ကနေ ပွင့်လင်းလွတ်လပ်တဲ့ စနစ်တခုကို သွားဖို့ ဆိုရင် ရေခံမြေခံ ကချင်လူထုရဲ့ အဆင်သင့်ဖြစ်မှု သဘောထားများနဲ့ အတူ သူတို့ ကိုယ်တိုင် တက်လှမ်းလုပ်ဆောင်လာနိုင်မှု အခြေခံအပေါ် အမြဲတမ်း ယုံကြည်မျှော်လင့် လေးစားတန်ဖိုးထားသူ တယောက်ဖြစ်တယ် ။

�တခြားသူ တဦးတယောက်အပေါ် ဝေဖန်ရေးအမြင်ထက် သူရဲ့ ပူအအေး ၊ အချိုအခါး ၊ အချဉ်အစပ်ကို နားလည် သဟဇာတဖြစ်အောင် ဆင်ခြင်ပြီး အဲဒီ အပူအအေး အချိုအခါး အင်အား ဒေါင့်တနေရာကနေ မိမိတို့ ကချင်ပြည်အတွက် အကျိုးဖြစ်ထွန်းအောင် တွန်းပို့ ပေးတတ်သူဖြစ်တယ် ။

�ရည်မှန်းချက်ဆိုတာ သေးသေး ကြီးကြီး အများကြီး ရှိတတ်ပေမယ့် ဒီကနေ့ ဒီရက် လုပ်ဆောင်ရမယ့်အရာ ၊ လုပ်နိုင်တဲ့အရာတွေကို လျစ်လျူရှု မိပြီး မနက်ဖြန်မှာ အင်အားများစွာ ဆုံးရှုံးသွားတာမျိုး မဖြစ်စေဖို့  ကိုယ်တိုင် သတိထား အလုပ်လုပ်တဲ့သူဖြစ်တယ် ။ လူငယ်တွေကို တွန်းအားပေးခဲ့သူဖြစ်တယ် ။

�ကချင်ဆိုတဲ့ အမည်နာမ ၀ိဝါဒ ကွဲပြားမှုများထက် အတူလက်တွဲလုပ်ဆောင်သင့်တဲ့ အင်အားကို လိုလားသူဖြစ်တယ်။
ညီအကိုတွေကြားမှာ ဒီမိုကရက်တစ်ဆန်တဲ့ ခံယူချက်တွေ မြင့်တက်လာတာဟာ ကချင်တန်ဖိုး ဖြစ်တယ်လို့ ယုံကြည်သူဖြစ်တယ် ။ လူသားဆန်သော အယူဝါဒကို အခြေခံပြီး စည်းစည်းလုံးလုံးနဲ့ Kachin, Non-Kachin ကချင်ပြည်သူ ပြည်သား အားလုံး အတူလက်တွဲပြီး ကချင်ပြည် အကျိုးစီးပွား မြင့်တက်အောင်ဖန်တီးဖို့ ဆန္ဒရှိသူဖြစ်တယ် ။

�အရွေ့ဆိုတာ လူထုအား ၊ လူထု ဆန္ဒဖြစ်တယ် ၊ လူငယ်တွေဆိုတာ အနာဂတ်ဖြစ်တယ် ဆိုတာကို ယုံယုံကြည်ကြည်နဲ့ ပေးဆပ်လုပ်ကိုင်ခဲ့သူဖြစ်တယ် ။ ရာချီတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်များ ဒီမိုကရေစီ လူ့ အခွင့်အရေး နဲ့ လွတ်လပ်ခွင့်တွေအတွက် နေရာကဏ္ဍအသီးသီးမှာ တတ်စွမ်းသလောက် ရပ်တည်ယုံကြည်ချက်ရှိစွာနဲ့  သူတို့ ရဲ့ပါဝင်လုပ်ကိုင်မှု မြင့်တက်လာအောင် လုပ်ခဲ့တယ် ။ တတ်နိုင်သ၍ ကြိုးစားနေဆဲလဲ ဖြစ်တယ် ။�

�ဦးကွမ်ဂေါင်အောင်ခမ်း နဲ့ အတူ ကချင်ပြည် အောင်မြင်ပါစေ ။

�လေးစားလျက် -

by - Leonard Shinra Chan

No comments:

Post a Comment

N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.