photo:bbc burmese |
အောက်တိုဘာလ ၂၆ ရက်နေ့ ည က ကျင်းပ ခဲ့တဲ့ One Championship သိုင်းပေါင်းစုံပြိုင်ပွဲ ရဲ့ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်ဟာ စိန်ခေါ်သူ လက်ဘနွန် နိုင်ငံက မိုဟာမက် ခရာခီ ကို ပထမ အချီမှာတင် အနိုင် ရရှိခဲ့ပါတယ်။
မြန်မာ့ စပါးအုံးလို့လည်း နာမည်ကြီးတဲ့ အောင်လဟာ ပထမ အချီမှာတင် လက်သီးထိုးချက်တွေ နဲ့ ပြိုင်ဘက်ကို အနိုင်ယူ ခဲ့ပါတယ်။
ခရာခီ ဟာ အောင်လ ကိုချုပ်ကွက် တွေနဲ့ လှဲသိပ်ဖို့ ကြိုးစားပေမယ့် အောင်လ ရဲ့ ပြင်းထန် တဲ့ လက်သီးချက်တွေကို ကာကွယ် နိုင်ခြင်း မရှိတဲ့ အတွက် အရှုံးပေးခဲ့ရခြင်း ဖြစ်ပါတယ်။
လက်ဘနွန် နိုင်ငံဖွား မိုဟာမက် ခရာခီ ဟာ သိုင်းပေါင်းစုံ ပြိုင်ပွဲမှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ ပြိုင်ဘက် တစ်ယောက်ပါ။ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မိုဟာမက် ခရာခီဟာ အရှေ့အလယ်ပိုင်း ဒေသရဲ့ အကောင်းဆုံး သိုင်းပေါင်းစုံ ကစားသမားလည်း ဖြစ်ပါတယ်။
အရင်တုန်း က သူဟာ သဲကန္တာရ သိုင်းပေါင်းစုံပြိုင်ပွဲ Desert Force ရဲ့ လိုက်ဟဲဗီးဝိတ် နဲ့ မစ်ဒယ်ဝိတ်တန်းတို့ရဲ့ ချန်ပီယံဟောင်း ဖြစ်ခဲ့ဖူးသူပါ။ သူဟာ ပြိုင်ပွဲ တစ်လျောက်မှာ သုံးပွဲ အလဲထိုး အနိုင်ယူ ခဲ့ဖူးပြီး ကျန်ငါးပွဲမှာတော့ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။
သိုင်းပေါင်းစုံ ပြိုင်ပွဲ တလျှောက်မှာ လက်သီး ထိုးအား ပြင်းပြီး ချုပ်ကွက် ကောင်းတဲ့ သူဟာ နောက်ဆုံး အချီအထိ ထိုးသတ်ခဲ့ပြီး အနိုင်ရခဲ့တဲ့ ပွဲ က တပွဲပဲ ရှိခဲ့ပါတယ်။
မြန်မာ့ စပါးအုံး အောင်လ ကတော့ ဇွန်လ ၂၉ ရက်နေ့တုန်း က ကျင်းပခဲ့တဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ် ကာကွယ်ပွဲ အဖြစ် စိန်ခေါ်သူ ဂျပန် နိုင်ငံသား ခန်ဟစဲ့ ဂါဝါ ကို ၅ ချီ အထိ ထိုးသတ်ပြီး အလဲထိုး အနိုင်ရယူထား သူလည်း ဖြစ်ပါတယ်။
One Championship ၏ ၀ိတ်တန်းနှစ်ခု ချန်ပီယံဖြစ်သော အောင်လအင်ဆန်၏ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ် ကာကွယ်ပွဲတွင် မိုဟာမက် ကရာကီအား ပထမအချီ ၂မိနစ် ၂၁စက္ကန့်တွင် အလဲထိုးကာ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။
''အခုလိုအားပေးတဲ့အတွက် အရမ်းကျေးဇူးတင်တယ် အခု ဒါက အစဘဲရှိသေးတယ် နောက်ပိုကောင်းတဲ့ ပွဲတွေလာအုံးမယ် ကျနော်တို့အားလုံးပေါင်းစည်းမယ်ဆိုရင် ဘာမဆိုအောင်မြင်နိုင်တယ် အားလုံးကိုကျေးဇူးတင်တယ်''ဟု ပွဲအပြီးတွင် အောင်လအင်ဆန်က ပြောသည်။
BBC Burmese , Kachin Times
No comments:
Post a Comment
N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.