သတင်းအစုံဖတ်နိုင်ရန် Wunzup News Blog သို့သွားပါ👇👇

Ad 300x250

Breaking

25 July, 2021

အုပ်ချုပ်ရေးမှူးက ဖမ်းသွားသူတစ်ဦး နာရီပိုင်းတွင်း ကိုဗစ်နဲ့ သေတာလို့ဆိုပြီး အလောင်းပြန်ပို့

Lay U Mare / CJ


ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု ပန်းတောကုန်းကျေးရွာ ၃ ရပ်ကွက် နေထိုင်သူ ကိုချစ်မွှေး ၂၃ နှစ်ကို ဇူလိုင်လ ၂၃ ရက်နေ့က အုပ်ချုပ်ရေးမှူးနဲ့ မီးသတ်တပ်ဖွဲ့ဝင် အချို့လာရောက်ဖမ်းဆီးသွားပြီး‌နောက် နာရီပိုင်းအတွင်း သေဆုံးသွားခဲ့တယ်လို့ ကိုချစ်မွှေးမိသားစုဝင်တစ်ဦးက ပြောပါတယ်။


ကိုချစ်မွှေးဟာ သူ့ဇနီးဖြစ်သူ မသဉ္ဇာထွန်းနဲ့ လင်မယားချင်း ရန်ဖြစ်ကြပြီးနောက် ယောက္ခမဖြစ်သူက ကျေးရွာအုပ်ချုပ်ရေးမှုးကို သွားရောက်တိုင်ကြားခဲ့ပြီးနောက် အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။


သူ့ကိုလာ ဖမ်းသွားသူတွေထဲမှာ ရာအိမ်မှူးနဲ့ မီးသတ်တပ်ဖွဲ့တချို့ ပါပြီး အဲ့ဒီနေ့ ညနေ ၅ နာရီလောက်က အဖမ်းခံရပြီး ည ၇ နာရီခွဲလောက်မှာ ကိုဗစ်နဲ့သေတယ်ဆိုပြီး အလောင်းကို ပလတ်စတစ်နဲ့ ပိတ်ထားပြီး ပန်းတောကုန်း သုသာန် လာရောက် စွန့်ပစ်ခဲ့ပြီးနောက် ဖွင့်မကြည့်ဖို့ အုပ်ချုပ်ရေးမှူးက ပြောတယ်လို့ ဆိုပါတယ်။


ကိုချစ်မွှေးဟာ ဇူလိုင်လ ၂၃ ရက်နေ့က ရွာထဲက နာရေးတစ်ခု အကူအညီ ပေးခဲ့ပြီးမသေဆုံးခင်က အရက်သောက်စားပြီး ဇနီးနဲ့ ရန်ဖြစ်ခဲ့တာဖြစ်တယ်လို့လည်း ရွာခံတွေကပြောပါတယ်။


အခုလို ကိုချစ်မွှေး အဖမ်းခံရပြီး နာရီပိုင်းအတွင်း သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးသလို ဘာကြောင့် ကိုချစ်မွှေးသေဆုံး့တယ်ဆိုတာကိုလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။


ကိုချစ်မွှေးအလောင်းကို ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီက သင်္ဂြိုဟ်ခဲ့ပြီး အလောင်းကို ဖွင့်ကြည့်ရာမှာ မျက်နှာတွေမှာ ရိုက်နှက်ဒဏ်ရာတွေ တွေ့ရသလို လည်ပင်းကလည်း ညိုနေကြောင်း ရင်ဘတ်ကဖောင်းနေပြီး ပါးစပ်နဲ့နှာခေါင်းက သွေးတွေထွက်နေကြောင်းလည်း ကိုချစ်မွှေးမိသားစုဝင်က ဘီဘီစီကိုပြောပါတယ်။

BBC

No comments:

Post a Comment

N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.