သတင်းအစုံဖတ်နိုင်ရန် Wunzup News Blog သို့သွားပါ👇👇

Ad 300x250

Breaking

24 July, 2021

ကိုဗစ်ကြောင့် မြစ်ဆုံနှင့် အောင်မြင်သာအပန်းဖြေစခန်းများ ပိတ်ထား

 

Aung Min Tar Resort / Photo: NUM


Covid-19 တတိယလှိုင်း ကူးစက်ပြန့်ပွား လာတာကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အောင်မြင်သာစံပြကျေးရွာက အပန်းဖြေစခန်းတွေနဲ့ မြစ်ဆုံ အပန်းဖြေစခန်းကို ပိတ်ထားတယ်လို့ သိရပါတယ်။

Covid-19 ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့ အပန်းဖြေစခန်းတွေ ပိတ်ပင်ထားသလို ကျေးရွာအဝင်အထွက်တွေကိုလည်း စစ်ဆေးနေတယ်လို့ အောင်မြင်သာစံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဂျာက National Unity Media (NUM)ကိုပြောပါတယ်။

"ကျွန်တော်တို့ ဝါးရုံတော၊ ကြိုးတံတား၊ မြစ်ဆုံ အဲဒီနေရာတွေမှာ စျေးမရောင်းဖို့ တား​မြစ်ထားတယ်။အဲဒီနေရာတွေရဲ့ လမ်းတွေကိုလည်း အကုန်ပိတ်လိုက်တယ်။ ဧည့်သည် အဝင်အထွက် စစ်ဆေးတယ်။ ပူတာအို ၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန် အဲဘက်ကို သွားလာတဲ့ သူတွေနဲ့ ရပ်ဝေးဧည့်သည်တွေကိုတော့ ကျွန်တော်တို့ ပိတ်လည်း မပိတ်ဘူး။ ဘာမှမလုပ်ဘူး။ ဒီမှာ လာပျော်တဲ့သူတွေ နဲ့ ရွာထဲကအဝင်အထွက် လုပ်တဲ့သူတွေကို ကန့်သတ်တယ် ။အဲလိုမျိုး ကြိုတင်ကာကွယ်ဆောင်ရွက်နေပါတယ်။ "လို့ ဦးနော်ဂျာက ရှင်းပြပါတယ်။

ကျေးရွာအတွင်းမှာ ကိုဗစ်ရှိ/မရှိ စစ်ဆေးဖို့ ကျန်းမာရေးဝန်ထမ်းတွေ မရှိတာကြောင့် ကိုဗစ်သံသယသူတွေကို မြို့ထဲကို ပို့ဆောင်တယ်လို့လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောပါတယ်။

"ခုလောလောဆယ်တော့ ကိုဗစ်ဖြစ်တဲ့သူ ဘယ်သူမှမရှိဘူး။ တကယ်လို့ ဖြစ်လာတဲ့သူရှိရင်လည်း ကျွန်တော်တို့ မြို့ဘက်ကို ပို့တယ်။ အဲဒါအပြင် ဒီမှာက ကိုဗစ်ဖြစ်/မဖြစ် စစ်ဆေးဖို့ ကျန်းမာရေးဝန်ထမ်းတွေ တစ်ယောက်မှ မရှိတဲ့အတွက် သံသယံရှိတဲ့သူကို မြို့ထဲပို့တယ်။ "လို့လည်း ဦးနော်ဂျာက ဆိုပါတယ်။

အောင်မြင်သာစံပြကျေးရွာမှာ အိမ်ခြေ (၄၀၀) ကျော် ရှိပြီး အခုလိုမျိုး ကျေးရွာအဝင်အထွက်တွေနဲ့ အပန်းဖြေစခန်းတွေမှာ လည်ပတ်ဖို့ တားမြစ်တာ၊ စစ်ဆေးတာတွေဟာ ​လူထုတရပ်လုံးရဲ့ ကျန်းမာရေးအတွက် ဖြစ်တာကြောင့် နားလည်စေချင်တယ်လို့လည်း ဆိုပါတယ်။

No comments:

Post a Comment

N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.