သတင်းအစုံဖတ်နိုင်ရန် Wunzup News Blog သို့သွားပါ👇👇

Ad 300x250

Breaking

30 August, 2018

မိုးမောက်မြို့ ရေကြီးရေလျှံမှုကြောင့် အိမ်ချေ (၃၀)ကျော် ရေဘေး သင့်



ကချင်ပြည်နယ် မိုးမောက်မြို့တွင် ယမန်နေ့ည မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ယနေ့ နေအိမ် (၃၀)ကျော် ရေဘေးဒဏ် ခံနေရသည်။

ညသန်းခေါင်ယံ အချိန်တွင် N’Mawk Hka (မိုးမောက်ချောင်း) တက်လာသောကြောင့် ယနေ့ မနက်ပိုင်းတွင် လူနေအိမ်များ ရေပြည့်နေသဖြင့် ထမင်းချက်ရန် အဆင်မပြေသော နေရာများတွင် အစားအသောက် ကူညီမှုများ ပြုလုပ်မှု ရှိနေကြောင်း ဆိုပါသည်။

ရေကြီးရေလျှံ ဖြစ်သည့်အတွက် အမှတ်(၂) မူလတန်းကျောင်းကိုလည်း ပိတ်ထားခြင်ဖြစ်သည် ဟု ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

မိုးရွာသွန်းမှု ယနေ့ နေ့လယ် မှ စတင်ပြီး ရပ်တန့်သွားပြီ ဟု သိရသည်။

မိုးမောက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းလျှင် တောင်ကျရေ N’mawk Hka (မိုးမောက်ချောင်း) ကြောင့် ရံဖန်ရံခါ ရေကြီးရေလျှံ ဖြစ်တတ်လေ့ရှိကြောင်း ဒေသခံများ ဆိုပါသည်။

Kachin News

No comments:

Post a Comment

N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.