သတင်းအစုံဖတ်နိုင်ရန် Wunzup News Blog သို့သွားပါ👇👇

Ad 300x250

Breaking

23 July, 2021

ရှဒူးဇွပ်ကျေးရွာတွင် ကိုဗစ်ပိုးတွေ့လူနာ (၇၀) ခန့်ရှိလာ

 

ကိုဗစ်-၁၉ စစ်ဆေးနေတဲ့ နေရာ / NUM

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု ၊ ရှဒူးဇွပ်ကျေးရွာမှာ (၄)ရက်အတွင်း ကိုဗစ်ပိုးတွေ့လူနာ (၇၀)နီးပါး ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ပိုးတွေ့လူနာတွေကို ကျေးရွာစာသင်ကျောင်းမှာ ထားရှိပြီး မိသားစုလိုက် ကူးစက်ခံရသူတွေကိုတော့ နေအိမ်အတွင်းမှာ လော့ဒေါင်းချကာ ထားရှိတယ်လို့ ဒေသခံတစ်ဦးက National Unity Media (NUM)ကိုပြောပါတယ်။

"ဒီသုံးလေးရက်အတွင်းမှာ (၆၉)ယောက်ရှိပြီ။ သူတို့ကို ရှဒူးဇွပ် စာသင်ကျောင်းမှာထားတယ်။ တစ်ချို့ မိသားစုလိုက် ဖြစ်တာတွေကိုတော့ အိမ်မှာပဲ လော့ဒေါင်းချပြီး ထားတယ်။ အောက်စီဂျင်ပေးရတဲ့သူ သိပ်မရှိဘူး။ ငါးယောက်လောက်ပဲ ပေးရတယ်။ ခုကျောင်းမှာက(၄၀) လောက်ရှိပါတယ်။"လို့ ဒေသခံက ဆိုပါတယ်။

ကျေးရွာအတွင်း ကိုဗစ်ကူးစက်မှု လျော့ချစေဖို့ ဆိုင်ခန်းတွေ ပိတ်ထားကြသလို ရှဒူးဇွပ်ကျေးရွာစျေးကြီးကိုလည်း မနက် (၆)နာရီမှ နေ့လယ်(၁၁) ထိသာ ဖွင့်လှစ်ဖို့ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment

N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.