27 July, 2021
မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ စစ်ရှောင်စခန်းတွင် နှစ်ရက်အတွင်း ကိုဗစ်၁၉ ပိုးတွေ့သူ ၅၇ ဦးရှိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းရှိ စစ်ရှောင်စခန်းတွင် နှစ်ရက်အတွင်း ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသူ ၅၇ ဦးရှိကြောင်းသိရပြီး ပိုးတွေ့သူနှင့် ပိုးမတွေ့သူ သီးခြားနေထိုင်ရန် နေရာ ခက်ခဲနေကြောင်းသိရသည်။
စစ်ရှောင်ပြည်သူ ၁၂၇ ဦးကို ယမန်နေ့မှစတင်ကာ ကိုဗစ်၁၉ ရောဂါပိုးရှိ၊ မရှိစစ်ဆေးရာ ၅၇ ဦးတွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့သူနှင့် မတွေ့သူ သီးခြားနေထိုင်ရန် ခက်ခဲနေသည်ဟု စခန်းတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“ကျွန်တော်တို့ camp က နေရာက ကျဉ်းတယ်ဆိုတော့လေ အဲ့လိုတော့ ရှိတယ် တစ်ခြားနေရာမှ သွားစရာမှ မရှိတာ ကျွန်တော်တို့က မနေ့ကကော စစ်တယ်၊ ဒီနေ့ကော စစ်တယ် မနက်ဖြန်ကော စစ်ဦးမယ်၊ အခု ပိုးတွေ့လူတွေနဲ့ မတွေ့တဲ့လူတွေနဲ့ရောပြီးနေနေရတာ မိသားစုတစ်စုမှာက တစ်ချို့လူတွေက ဖြစ်တယ် တစ်ချို့လူတွေက မဖြစ်ဘူးဆိုတော့ ပြန် ခွဲနေရတော့ ကျွန်တော်တို့အတွက် အဆင်မပြေဘူးလေ” ဟုသူကပြောသည်။
စစ်ရှောင်စခန်းတွင် ကိုဗစ်ကာလအချိန် စခန်းအား အဝင်အထွက် ပိတ်လိုက်ပြီးနောက် အစားအသောက် နှင့် ဆေးဝါးများခက်ခဲနေကြောင်းလည်း သူကပြောသည်။
“ကျွန်တော်တို့ဆီမှာ အခုကတော့ ဆေးဝါးရယ် ဆန်တွေဘာတွေတော့ မရှိတော့ဘူး အဲ့လိုဖြစ်နေတာ” ဟုသူကပြောသည်။
စခန်းတွင် ပိုးတွေ့သူ ၅၇ ဦးတွင် အသက်အရွယ် ၇၀ ၆၀ အထက်ပိုင်း၊ ၁၀ နှစ်အောက် ကလေး၊ လူငယ် အရွယ် ၁၀ နှစ်အထက် ၁၈ နှစ်အောက်နှင့် အသက် ၃၀၊ ၄၀ ကြား အရွယ်များပါဝင်ကြောင်းသူကပြောသည်။
မြစ်ကြီးနားမြို့ အင်ဂျန်တုံရပ်ကွက်ရှိ ကချင်နှစ်ခြင်းစစ်ရှောင်စခန်းတွင်း နေထိုင်သူ အိမ်ထောင်စုပေါင်း ၅၉ အိမ်ထောင်နှင့် လူဦးရေ ပေါင်း ၂၇၆ ဦးရှိသည်။
Recommended Articles
- Crime
မြစ်ကြီးနားဈေးထဲတွေ တို့ဆေးသုံး၍ လုယက်မှုများရှိကြောင်း ကိုယ်တိုင်မြင်တွေ့ရသူတွေပြောAug 04, 2021
မြစ်ကြီးနားစျေး / Photo: Facebookကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ စည်ပင်သာယာဈေးတွင် တို့ဆေးသုံး၍ လုယက်မှုများရှိကြောင်း မျက်မြင်ကိုယ်တွေ့သိခဲ့ရသ...
- Covid-19
မိုးမောက်မြို့က စစ်ရှောင်စခန်းများ ပိတ်ထားခြင်းကြောင့် စားရေးသောက်ရေး ခက်ခဲနေJul 29, 2021
Momauk IPDs camp chyinghka lam / Photo: NUMကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့က စစ်ရှောင်စခန်းတွေမှာ အဝင်အထွက် ပိတ်ထားပြီး အစားအသော...
- Covid-19
Mai Ja Yang buga Sasana Boarder Jawngma Marai (149) COVID-19 Ana Kap HkrumJul 28, 2021
Mai Ja Yang / Photo: kachin todayMai Ja Yang Buga Sasana Boarder kaw na jawngma marai (149) kaw COVID-19 ana jep mu lu ai lam, Sinpraw Ginwang Ginjaw ...
- Covid-19
မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ စစ်ရှောင်စခန်းတွင် နှစ်ရက်အတွင်း ကိုဗစ်၁၉ ပိုးတွေ့သူ ၅၇ ဦးရှိJul 27, 2021
IDPs camp kaw tsi gat taw nga yang / Image courtesy Al Jazeera. Myanmar, 20ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျ...
Post N-NNAN
Mai Ja Yang buga Sasana Boarder Jawngma Marai (149) COVID-19 Ana Kap Hkrum
POST DINGSA
Covid-19 Chyam bra ana makawp ninghkap Tara The Maren Nga Sa Na Matu Sumbwi Yang Ginwang KIO Uphkang Rung Kawn Ndau Shapraw Laika Shale
Seng ang ai ga baw
Covid-19,
jinghpaw mung shiga
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.