Momauk IPDs camp chyinghka lam / Photo: NUMကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့က စစ်ရှောင်စခန်းတွေမှာ အဝင်အထွက် ပိတ်ထားပြီး အစားအသောက် ခက်ခဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ Covid-19 ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့ မိုးမောက်က KBC စစ်ရှောင်စခန်းဆယ်ခုကျော်မှာ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်ကတည်းက Lockdown ချထားကြောင်း မိုးမောက် KBC စစ်ရှောင် စခန်းတာဝန်ခံက National Unity Media (NUM)ကို ပြောပါတယ်။ "အိမ်ထောင်စု ခြောက်ရာကျော် ရှိတဲ့ KBC camp ဆယ်ခုကျော်မှာ အဝင်အထွက်ပိတ်ထားတာ နှစ်ပတ်ကျော် တစ်လနီးပါးရှိလာပါပြီ" လို့ စခန်းတာ၀န်ခံက ဆိုပါတယ်။အိမ်ထောင်စု ခြောက်ရာကျော် ရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(World Food Program)မဝင်နိုင်သေးတာကြောင့် စားရေးသောက်ရေး အခက်အခဲဖစ်နေတယ်လို့ စခန်းတာဝန်ခံက National Unity Media (NUM)ကို ပြောပါတယ်။ "တစ်ခြားအဖွဲ့အစည်းငယ်လေးတွေက ဆန် ငါးအိတ်၊ ဆယ်အိတ် စုထားတာတွေကို ကျွန်တော်တို့ ကျွေးနေတာ နှစ်ပတ်ကျော်လောက်ရှိလာပြီဆိုတော့ အစားအသောက် အရမ်းခက်ခဲနေပါတယ်။ World Food လည်း June လကတည်းက မဝင်လာနိုင်သေးဘူး။ ဒီမှာက World Food နဲ့ အဓိကသွားတာဆိုတော့ အစားအသောက် ခက်ခဲတာပေါ့" လို့ စခန်းတာ၀န်ခံက အခက်အခဲကို ပြောပါတယ်။ မိုးမောက် KBC စစ်ရှောင်စခန်းကို (၂၀၁၁) ဇူလိုင်လမှာ စတင်ဖွင့်လှစ်ခဲ့ပြီးတော့ အနယ်နယ်အရပ်ရပ်က စစ်ဘေးရှောင်တွေနေထိုင်နေကြပြီး ပြီးခဲ့တဲ့ မတ်လအတွင်း မြို့သစ်၊ကုန်းလောဘက်ကနေ စစ်ဘေးရှောင် အိမ်ခြေ (၂၀၀) ကျော် ထပ်မံရောက်ရှိခဲ့တယ်လို့ စခန်းတာ၀န်ခံက ဆက်လက်ပြောပါတယ်။ " များသောအားဖြင့် camp မှာက တစ်ကျော့ပြန်တိုက်ပွဲတုန်းက စစ်ရှောင်ကြတဲ့ ဒေါ့ဖုန်းဘက်က အိမ်ခြေ (၄၀၀) ကျော်ရှိတယ်။ ခုဒီနှစ်မတ်လ တွင်းမှာပဲ (၂၀၀) ကျော်ထပ်ရောက်လာတယ်။ လူတော့များတာပေါ့" လို့ ဆိုပါတယ်။ မိုးမောက် KBC စစ်ရှောင်စခန်းမှာ ကချင်တစ်ပြည်နယ်လုံးရှိ စစ်ရှောင်စခန်းများမှ ပထမဦးဆုံးအကြိမ် စတင်ဖွင့်လှစ်ခဲ့တဲ့ စစ်ရှောင်စခန်းဖြစ်ပြီး ယခုချိန် Covid -19 ကပ်ရောဂါကြောင့် စားရေးသောက်ရေး အခက်အခဲရှိနေပြီး အလှူရှင်များ လိုအပ်နေတယ်လို့လည်း သိရပါတယ်။NUM
No comments:
Post a Comment
N dai post hpe hti ya ai majaw chye ju kaba sai.Ning mu ka da ga.Download link mat taw ai rai yang comment ka da ya rit.Link nnan bai jaw na re.