သတင်းအစုံဖတ်နိုင်ရန် Wunzup News Blog သို့သွားပါ👇👇

Ad 300x250

Breaking

Showing posts with label Crime. Show all posts
Showing posts with label Crime. Show all posts

04 August, 2021

8:35 PM

မြစ်ကြီးနားဈေးထဲတွေ တို့ဆေးသုံး၍ လုယက်မှုများရှိကြောင်း ကိုယ်တိုင်မြင်တွေ့ရသူတွေပြော

 

မြစ်ကြီးနားစျေး / Photo: Facebook


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ စည်ပင်သာယာဈေးတွင် တို့ဆေးသုံး၍ လုယက်မှုများရှိကြောင်း မျက်မြင်ကိုယ်တွေ့သိခဲ့ရသူ တစ်ယောက်ကပြောပါတယ်။

"မြစ်ကြီးနား စျေးထဲတွင် ရောင်းဝယ်ဖောက်ကားကြသော ဆိုင်ပိုင်ရှင်များ စျေးဝယ်သူများ စျေးဝယ်ရာတွင် ရွှေဆွဲကြိုးများ ဝတ်ဆင်မလာကြပါရန်၊ ပိုက်ဆံများ ကိုလည်း လိုတာထက်ပိုမယူခဲ့ကြပါရန် အထူးသတိပေးနိူးဆော်လိုက်ပါသည်" ဟု သူ့ ဖက်စ်ဘုတ်စာမျက်နှာတွင် "အထူးသတိထားရန်" ဆိုပြီး တင်ခဲ့တာဖြစ်ပါသည်။

ဒါဟာ တစ်ကယ်ဖြစ်ခဲ့တာဖြစ်ကြောင်းတစ်ခြားသူများလည်း ထောက်ခံခဲ့ပြီး မျှဝေသူပေါင်း တစ်ထောင်ကျော်ရှိသည်ကို တွေ့ရသည်။

၂၀၂၁ ဩဂုတ်လ ၂ရက်နေ့မနက်ပိုင်း ၈ နာရီ ခန့်တွင် မြစ်ကြီးနားစျေး(၂)တွင် ကုန်စုံရောင်းနေသူ ဆိုင်ပိုင်ရှင်အား တို့ဆေးဖြင့် ပိုက်ဆံ ၁ သိန်းကျော်ခန့် လိမ်ယူသွားကြောင်း၊ ထို့နည်းတူစွာ စျေးဝယ်သူ အစ်မတစ်ယောက်အား အချိန် ၉ နာရီကျော်တွင် (နင့်ယောက္ခမနဲ့ သိတယ်ဆိုပြီး) တို့ဆေးဖြင့် ရွှေတစ်ကျပ်သားနှင့် ငွေသားများ လိမ်လည်ယူသွားကြောင်း ၊ စျေးဝယ်သူ အစ်မသည် တို့ဆေးပြယ်လာသောအခါ ထိုနေရာတွင် ချုံးပွဲချငိုနေခဲ့ ကြောင်းသိရသည်။

ထို့ကြောင့် ရောင်းသူ ဝယ်သူများ အထူးသတိထားကြပါရန် စေတနာရှေးရှု အကြောင်းပြု၍ နိူးဆော်လိုက်ရပါသည်ဟု သူကဆက်၍ သတိပေးထားပါသည်။

နိုင်ငံရေးအခြေအနေမကောင်းခြင်းနှင့် ကိုဗစ်-၁၉ တတိယလိုင်း လျင်မြန်စွာ ကူးစက်ပြန့်နှံ့နေသောကြောင့် သွားလာရန်ခက်ခဲကာ စီးပွားရေးမပြေလည်၍ ငွေကြေးအခက်အခဲများရှိလာရာ မြို့ပေါ်တွင် ခိုးယူလုယက်မှုများ မကြာခဏဖြစ်ပွားနေသောကြောင့် သတိထားရန် လိုအပ်လာပြီ ဖြစ်ကြောင်း ဒေသခံများ ပြောဆိုနေကြသည်။

Source : The Maung