matsing hpa
10:01 PM
ဂျူးလူမျိုးတို့၏ ထင်ရှားသောစကားပုံများ
၁။ ရေညစ်တစ်စက်ကြောင့် ရေကြည်တစ်ခွက် ညစ်ပတ်သွားတတ်တယ်။
ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် ဘယ်တော့မှ
ကြည်လင်လာမှာ မဟုတ်ပါဘူး။
၂။ ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။
ဗိုက်ထဲကို ၀င်ပြီးတဲ့ အစာ၊ စိတ်အတွင်းထဲက အိမ်မက်နဲ့ ဦးနှောက်ထဲအထိ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ်။
ဗိုက်ထဲကို ၀င်ပြီးတဲ့ အစာ၊ စိတ်အတွင်းထဲက အိမ်မက်နဲ့ ဦးနှောက်ထဲအထိ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ်။
၃။ မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်သလို။
လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ နှစ်မွန်းသွားတတ်တယ်။
၎။ လူ့ ဘ၀ခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ
မခွဲထားပါဘူး။ ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊
ကံကောင်းခြင်းအပေါ် ဇိမ်ခံနေရင် ကံဆိုးခြင်း ဖြစ်လာတတ်သည်။
၅။ တကယ်လို့ သင်စာမဖတ်ခဲ့ဘူး ဆိုရင် မိုင်ပေါင်း တစ်သောင်း
ခရီးထွက်ရင်လည်း စာပို့လုလင် တဦးအဖြစ်သာ ရှိနေမည်။
၆။ သင့်ရဲ့ အိမ်နီးနားချင်း မနက် ( ၂ )နာရီအထိ စန္ဒာယားတီးနေရင်လည်း
စိတ်မဆိုးပါနဲ့၊ သူ့ကို မနက် ( ၄ )နာရီမှာနိုးပြီး ၊ နားထောင်လို့
အရမ်းကောင်းကြောင်း ပြောပြလိုက်ပါ။
ရ။ သင် စောင့်မျှော်သူဖြစ်နေမယ်ဆိုရင် ပြောင်းလဲမူ တစ်ခုသာ
ဖြစ်ပေါ်ပြီး အဲဒါက သင်အိုသွားခြင်းပါပဲ။
၈။ သူငယ်ချင်းအစစ်ဆိုတာ ပြောမကုန်တဲ့ စကားတွေ ရှိနေတာမဟုတ်ပဲ။
ပြောစရာမရှိတဲ့ အချိန်ကိုလည်း အောင့်သက်သက် မခံစားရခြင်းပါ။
၉ ။ အချိန်ဟာ စိတ်အနာကို ကုစားနိုင်တဲ့ သမားတော်ကြီးဖြစ်ပေမယ့်
ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးတော့ မဟုတ်ပါဘူး ။
၁၀။ ကြိုးစားပြီးမှ နောင်တရ ရင် ရ ပါစေ၊ မကြိုးစားပဲ လွှဲသွားတဲ့
နောင်တမျိုးတော့ မဖြစ်ပါစေနဲ့။
Credit






